![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0zi7hiwjZZAtYpQnflUhTGLXmmO3FpZihobTtkL_y9uSCyLp9RgbIQUlMvxyw48IZMuCjbUxBhZPmcyDpXKdIYc0B-9b0vPexkFHxhccWtAqe5uiJEFkuXCd8_3I6V2uNUOa-lTsTrfc/s320/the-world-islands.jpg)
ဒူဘိုင်းရဲ့ ဗလာဖြစ်နေတဲ့ ကမ္ဘာကြီး
ကိုကျော်
အောက်တိုဘာ ၁၁ ရက်
ဒူဘိုင်း(
ကျွန်းတခုကို ဒေါ်လာ ၁၅ သန်း ကနေ သန်း ၅၀ အထိ တန်ဖိုးနဲ့ ရောင်းချပြီး အထူးဖိတ်ကြားခြင်းခံရတဲ့ လူတွေပဲ ၀ယ်ယူခွင့်ရှိပါတယ်။ The World ပရောဂျက်ကို တာဝန်ယူတည်ဆောက်တဲ့လူတွေက ဘီလီယံနာ သူဌေးများ၊ နာမည်ကျော် အားကစားသမားများ၊ သရုပ်ဆောင်အနုပညာရှင်များကို ဖိတ်ခေါ်ဆွဲဆောင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျွန်းစုရဲ့ ၆၀ ရာခိုင်နှုန်း ရောင်းပြီးသွားပြီလို့ ကုမ္ပဏီရဲ့ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဟောလီးဝုဒ်မှ ဘရက်ပစ်(Brad Pitt) နဲ့ အင်ဂျလီနာဂျိုးလီ(Angelina Jolie) စုံတွဲကလည်း အီသီယိုးပီးယား အမည်ပေးထားတဲ့ ကျွန်းကို ၀ယ်ဖို့ သတင်းထွက်ခဲ့ပေမဲ့ သူတို့ကတော့ ငြင်းဆိုခဲ့ပါတယ်။ အိုင်ယာလန်က ရင်းနှီးမြုပ်နှံသူ သူဌေးတဦးကလည်း အိုင်ယာလန်ကျွန်းကို ၀ယ်ပြီး ဟော်တယ်ဆောက်မယ်လို့ စီစဉ်ခဲ့တာ သူ့လုပ်ငန်းတွေပြုတ်သွားလို့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။
ဒါပေမဲ့ မနှစ်က ဒူဘိုင်းရဲ့အိမ်မြေဈေးကွက်လည်း ၅၀ ရာခိုင်နှုန်း ကျဆင်းခဲ့လို့ The World ပရောဂျက်ဟာ ရပ်တန့်ခဲ့ပြီး အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ကြားရပါတယ်။
လောလောဆယ်မှာတော့ ရှိတ်မိုဟာမက်ပိုင်တဲ့ ကျွန်းတခုတည်းမှာသာ အိမ်ခြံကြီးဆောက်လုပ်ထားပြီး ကျန်တဲ့ ကျွန်း ၂၉၉ ခုက သဲတွေစုပုံထားတဲ့ ဟင်းလင်းပြင်သာ ဖြစ်နေပါတယ်။ The World စီမံကိန်းကြီးဟာ ဒူဘိုင်းနိုင်ငံရဲ့ ဗိသုကာဆိုင်ရာမျှော်လင့်ချက် တခုဖြစ်ပြီး အခုအချိန်မှာတော့ မရောမရာ ဖြစ်နေပါတယ်။ ဒူဘိုင်းဟာ ကမ္ဘာ့အမြင့်ဆုံး Burj Dubai အဆောက်အအုံ(အမြင့်၂၆၈၄ ပေ)၊ Palm Islands လို့ခေါ်တဲ့ ထန်းရွက်ပုံစံ လူလုပ်ကျွန်း၊ Burj Al Arab ဟော်တယ် စတဲ့ စီမံကိန်းတွေနဲ ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ပါတယ်။
အရင်က နေရာတကာမှာပြည့်လျှံနေတဲ့ ဆောက်လုပ်ရေး ၀န်ချီစက်၊ မြေတူးစက်တွေဟာ အခြားနေရာကို ပြောင်းရွှေ့သွားနေပါပြီ။ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖီလီပိုင်၊ ယီမင် နိုင်ငံတို့ကလာကြတဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေလည်း နေ့စဉ် လူ ၅၀၀၀ ခန့်နှုန်းနဲ့ ကိုယ့်နိုင်ငံကို ပြန်နေကြပါတယ်။
Comments