ပုသိမ်မြို့အနီး သင်္ဘောမှောက်သဖြင့် အများအပြား သေဆုံး
မိုးမခအထောက်တော် (ရန်ကုန်)
နိုဝင်ဘာ ၁၆၊ ၂၀၀၉
မိုးမခအထောက်တော် (ရန်ကုန်)
နိုဝင်ဘာ ၁၆၊ ၂၀၀၉
ယမန်နေ့ည ၈ နာရီခန့်က င၀န်မြစ်အတွင်း သင်္ဘောနှစ်စီးတိုက်မိပြီး ခရီးသည် အများအပြား သေကြေပျောက်ဆုံးခဲ့သည်။
ပုသိမ်မြို့မှ ၆မိုင်ခွဲအကွာ ရှမ်းငူရွာအနီး ထိုသို့ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း၊ ဆီတင် တွဲသင်္ဘောကို ၀င်တိုက်မိသည့် ခရီးသည်တင် သင်္ဘော တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ခရီးသည် ၁၂၆ ဦးကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးဝန်ထမ်းများက ပြောသည်။
“လောလောဆယ်အထိ ကျား ၆ လောင်း၊ မ ၁၁ လောင်း တွေ့တယ်” ဟု ညနေပိုင်းတွင် ကယ်ဆယ်ရေး ၀န်ထမ်းတဦးက ပြောသည်။
ခရီးသည်များမှာ ပုသိမ်မြို့ အထက်ဘက်မှ ကောက်ရိတ်သည့် အလုပ်သမားများ (ဒေသအခေါ် ဘောက်သမားများ) ဖြစ်ကြောင်း၊ င၀န်မြစ်အတိုင်းဆင်းတာ၊ ပုသိမ်မှ ထွက်ခွာပြီး ၁နာရီအကြာတွင် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ခရီးသည်တွေက သင်္ဘော ခေါင်မိုးပေါ်မှာစီးတာ။ ယောက်ျားတွေ များတယ်။ ခေါင်မိုးပေါ်က လူတွေက အသက် ချမ်းသာရာ ရတာ များတယ်” ဟု ဒေသခံတဦးက ပြောသည်။
သေဆုံး၊ ပျောက်ဆုံးသူ အများစုမှာ သင်္ဘောအောက်ထပ်မှ ခရီးသည်များ ဖြစ်သည်ဟု ဆိုသည်။

Comments