အမျိုးသားနေ့ အထိမ်းအမှတ်ပွဲများ ရန်ကုန်တွင် အတိုက်အခံနှင့် စာနယ်ဇင်းသမားတို့ ပြုလုပ်
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၂၊ ၂၀၀၉
ယမန်နေ့က ရန်ကုန်မြို့တွင် အင်န်အယ်လ်ဒီ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ နှင့် စာနယ်ဇင်းပညာရှင်များ အသီးသီး စုဝေးကြပြီး ၈၉ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကြသည်။ အင်န်အယ်ဒီတွင် အမျိုးသားနေ့ဟောပြောပွဲ ပြုလုပ်ကြကြောင်း၊ စာနယ်ဇင်းပညာရှင်များ စုဝေးရာတွင် ဒဂုန်တာရာ၊ ကိုလေး (အင်းဝဂုဏ်ရည်) နှင့် ဦးဝင်းတင်တို့ စကားဝိုင်းမှာ အထူးစိတ်ဝင်စားစရာ ကောင်းကြောင်း မိုးမခမိတ်ဆွေတဦးက ပြောပြသည်။ စာနယ်ဇင်းပန်းချီဆရာကြီးများ ကန်တော့ပွဲကိုလည်း ထိုနေ့တရက်တည်းမှာပင် ကျင်းပခဲ့သည်ဟု ၎င်းက ပြောသည်။
Comments