Forbes states most powerful people in the world


ဖိုဘီမဂ္ဂဇင်းကြီးက ကမ္ဘာသြဇာအကြီးဆုံး လူများစာရင်း ကို ထုတ်ပြန်၊
အမေရိကန်၊ တရုတ် နှင့် ရုရှား ခေါင်းဆောင်များ ထိပ်မှ ဦးဆောင်
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၁၃၊ ၂၀၀၉
နှစ်စဉ်စာရင်းပြုစု ထုတ်ပြန်နေကျဖြစ်သည့် အမေရိကန်စီးပွားရေးစာစောင် ဖိုဘီမဂ္ဂဇင်းကြီးက ၂၀၀၉ ခုနှစ်အတွင်း ကမ္ဘာ့သြဇာအကြီးဆုံး လူများစာရင်းကို ထုတ်ပြန်ရာတွင် နိုင်ငံ့ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နည်းပညာအခြေပြု လုပ်ငန်းရှင်များနှင့် အတူ အာဏာရှင်များ၊ အကြမ်းဖက်ခေါင်းဆောင်များ၊ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များကိုပါ ထည့်သွင်း ထားသည်ကို တွေ့ရသည်။
မှတ်သားမိသမျှ ကောက်နုတ်ဖော်ပြရလျင် -
(၁) အမေရိကန်သမ္မတ အိုဘားမား
(၂) တရုတ်ခေါင်းဆောင် ဟူဂျင်တောင်
(၃) ရုရှားခေါင်းဆောင် ပူတင်
(၄) အမေရိကန်ဘဏ္ဍာရေး ရန်ပုံငွေ ဥက္ကဋ္ဌ ဘင်နာကီ
(၅) ဂူးဂဲ ထူထောင်သူ - ဆာဂျီဘရင် နဲ့ လယ်ရီပိတ်ဂ်ျ
(၆) မက္ကစီကိုနိုင်ငံ စီးပွားရေးလုပ်ငန်းရှင် - ကားလို့စ် ဆလင် ဟီလူ
(၇) ကမ္ဘာ့ ရုပ်သံ၊ စာနယ်ဇင်း လုပ်ငန်းရှင် - ရူးပတ်မားဒေါ့ဖ်
(၈) အမေရိကန် ဝေါလ်မတ်ဆူပါမားကက် ဦးဆောင်သူ - မိုက်ကယ်တီဒုခ်
(၉) ဆော်ဒီဘုရင် - အဘ်ဒူလာ ဘင် အက်ဘူ အက်ဇစ်
(၁၀) မိုက်ခရိုဆော့ ထူထောင်သူ - ဘီဂိတ်
 --- --- ---
--- --- ---
(၁၇) အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး - ဟီလရီ ကလင်တန်
 --- --- ---

(၁၉) တရုတ်ပြည် ၀ါဒဖြန့်ချိရေး ဥက္ကဋ္ဌ - လီ ချန်ချွန်
--- --- ---

 (၂၄) မြောက်ကိုရီးယား အာဏာရှင် - ကင်ဂျုံအီး
--- --- ---
(၃၁) အမေရိကန်သမ္မတဟောင်း - ဘီကလင်တန်
--- --- ---
(၃၆) အိန္ဒိယ ၀န်ကြီးချုပ် - မန်မိုဟန်ဆင်းဂ်


(၃၇) အယ်လ်ကိုင်ဒါအဖွဲ့ ဦးဆောင်သူ - အိုဆာမာ ဘင် လာဒင်
--- --- ---
(၃၉) တီဘက် ပြည်နှင်ဒဏ်သင့် ခေါင်းဆောင် - ဒလိုင်းလားမား
(၄၀) အီရန် ဘာသာရေးခေါင်းဆောင် - အလီ ဟိုဆနီ ခါမေနီ

(၄၁) မက္ကစီကို မူးယစ်ဆေးဝါး ရောင်းဝယ်သူ - ဟာကွင် ဂူးဇ်မင်
--- --- ---

(၅၀) အိန္ဒိယ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် - ဒေါဝဒ် အီဘရာဟင် ကတ်စကာ
၎င်းတို့ထိပ်စာရင်း ၆၇ ဦးတွင် အတိုက်အခံခေါင်းဆောင်အဖြစ်  ဒလိုင်းလားမား တဦးသာပါရှိသည်ကို တွေ့ရသည်။ ကျန်သူများမှာ အစိုးရ အသိအမှတ်ပြုများ၊ အာဏာရှိသူများနှင့် လက်နက်သို့မဟုတ် ဓနဥစ္စာကြွယ်ဝသူများ ဖြစ်သည်။

Comments