A Joke Too Far - A Stand Up Comedy for Charity


Robin, Htein, Nita, Josie and Marcel by Loulou Lorton.
လက်လွန်သွားတဲ့ ပြက်လုံး  - ဇာဂနာနဲ့ မြန်မာပြည်အတွက် လန်ဒန်မှာ ပြက်ကြ

မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၅၊ ၂၀၀၉
လွန်ခဲ့တဲ့ ကြာသာပတေး၊ နိုဝင်ဘာ ၁၂ ညနေ ၇ နာရီက လန်ဒန်က Old Queen’s Head ခန်းမမှာ အင်္ဂလန်က ကမ္ဘာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ရန်ပုံငွေပွဲတခုကို မြန်မာပြည်က အကျဉ်းခံနေရတဲ့ လူရွှင်တော် (ကို) ဇာဂနာကို ရည်စူးပြီးတော့ သူတို့ဆီက လူရွှင်တော် ၅ ဦးက ပြက်လုံးတွေနဲ့ တင်ဆက်ခဲ့ကြပါတယ်။ သူတို့ပွဲနံမယ်က A Joke Too Far - မြန်မာလိုဆိုရရင် လက်လွန်သွားတဲ့ ပြက်လုံးလို့ ခေါ်ရမယ် ထင်ပါတယ်။ မြန်မာပြည်မြေပုံကို မြန်မာပြည်ရဲ့ အကျဉ်းစံ အတိုက်အခံများ၊ အမျိုးသားရေးလှုပ်ရှားသူများ ရုပ်ပုံတွေနဲ့ ဖော်ထားတာ နောက်ခံနဲ့ ကိုဇာဂနာဓာတ်ပုံကို စင်ပေါ်မှာ ချိတ်ထားတာ တွေ့ရပါတယ်။ ကိုဇာဂနာရဲ့ မိတ်ဆွေ ပန်းချီ ထိန်လင်းကို ပွဲမှာ တွေ့ရပါတယ်။ ဓာတ်ပုံတွေကို Flicker လင့်မှာ သွားကြည့်ကြပါ။

Comments