Kyaw Thu turns 50 sharing his art works with his close friends

invitation front
ကျော်သူ အသက် ၅၀ ပြည့်မှာ အနုပညာပြပွဲတခု မိတ်ဆွေများကို ပြသမည်
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၊ ၂၀၀၉
          မြန်မာပြည်သူတွေ ချစ်ခင်တဲ့ အနုပညာရှင်၊ လူမှုရေးကူညီမှု စေတနာရှင် ကျော်သူ နိုဝင်ဘာ ၂ မှာ အသက် ၅၀ ပြည့်ပါမယ်။ အဲသည်နေ့မှာ မိတ်ဆွေတွေနဲ့ သူဖန်တီးတဲ့ အနုပညာပန်းချီကားတွေ ခင်းကျင်းပြီး ခံစားကြမယ်လို့ ဖိတ်စာပို့ထားပါတယ်။
          ၂၀၀၇ နောက်ပိုင်း သံဃာ့အရေးအခင်းမှာ သပိတ်မှောက်သံဃာတော်များကို အနုပညာရှင်တွေ၊ ပြည်သူတွေနဲ့အတူ အားပေးထောက်ခံခဲ့ပြီး ဆွမ်းများ ကပ်လှူခဲ့ပြီးနောက် စစ်အစိုးရနဲ့ အလိုတော်ရိတွေ၊ နောက်လိုက်တွေက အထူးမျက်မုန်းကျိုး ဖိနှိပ်မှုများကို ရင်ဆိုင်နေခဲ့ရပါတယ်။
          မြန်မာပြည်ရဲ့ နာရေးကူညီမှုအသင်းကြီးနဲ့ စေတနာဝန်ထမ်း ဆေးခန်းများစတဲ့ လူမှုရေးလုပ်ငန်းတွေကို ကျော်သူ၊ ဇနီး ရွှေဇီးကွက်နဲ့ မိသားစုအားလုံးက စိတ်ရော ကိုယ်ပါ မြုတ်နှံဆောင်ရွက်လျက် ရှိပါတယ်။
invitation back

Comments