kyi aung poem in 1991

သား
ကြည်အောင်
နိုဝင်ဘာ ၂၄၊ ၂ဝဝ၉

မပေါ့ မပါး
ခရီး သွားတဲ့
မီးဖွား တော့မယ်
မိခင် တစ်ယောက် - - ။

မိခင်က
လခြမ်း သဖွယ်
ကလေး ငယ်ကို
သယ်ဆောင် လှမ်းတက်
ခရီးဆက် - - - ။

ဝမ်းအိမ် အလယ်
ကလေး ငယ်လဲ
အချင်း ကို သယ်
စလွယ် ကို သိုင်း
တောရိုင်း မြေကြမ်း
အတူ လှမ်း
သားအိမ်ထမ်းရင်း မိခင်နဲ့ - - - ။

[မူရင်း - ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၉၁ ဒီဇင်ဘာလ]

Comments

အမေ့ဝမ်းထဲက ကလေးရော၊ သားထမ်းအမေရဲ့ ဘဝတွေ မလွယ်ပါလားဗျာ။