Moe Sal Nay - Hidden Dagger Poem
ကျနော်နဲ့ ခင်ဗျားကြားက ၀ှက်ဓါးတွေ အကြောင်း
မိုးစဲနေ
နိုဝင်ဘာ ၂၃၊ ၂၀၀၉
ဟိုထဲဝင် ဒီကထွက်နဲ့
ကမ်းခြေမဲ့ရတဲ့ သူပါ။
ဆီသည်မ လက်သုပ်လို
အများသူငှါ ပြောပြောနေတဲ့
လှပတဲ့ တရားမျှတခြင်းဆိုတာ..
ခင်ဗျားက
တသက်လုံးဝှက်ထားတဲ့ ဖဲတွေကိုချပြပြီးမှ
ထပ်မံလုယက်သွားသလိုမျိုး
ကျနော်ကရော
ကျနော့် မျက်လုံးတွေကို
အံဝှက်တွေထဲ ထည့်ထားခဲ့တာပဲ မဟုတ်လား.
သင်းကွဲတို့ရဲ့ အရပ်မှာ ဘ၀ပြိုချိန်
ခင်ဗျားက
ကျနော့်ကျောပေါ် ဖြတ်လျှောက်သွားခဲ့ပြီး
ကျနော်က ခင်ဗျားရင်ကို
မချစ်မနှစ်သက်ဘဲ နမ်းရှုံ့ခဲ့တာမျိုး
သိက္ခာတရားဟာ
ဆိတ်ကွယ်ရာမှာ
ဝတ်လစ်စလစ် ဆန်လွန်းတယ် …
ခင်ဗျားနဲ့ ကျနော်ကြား မှာတော့
ခေတ်ကြီးတခေတ်လုံးလိုလို
ယဉ်ကျေးခဲ့တယ် …
Comments
Unknown said…
It's a good poem.
i love it.