Pacquiao topples Cotto

ပတ်ကျောင်း(Pacquiao) ကော်တို(Cotto) ကို နိုင်သွားပြီ
မိုးမခ အထောက်တော် 003
November 16th , 2009



လပ်စ်ဗေးဂတ်စ်မြို့ အမ်ဂျီအမ်ဂရင်း(MGM Grand) မှာ စနေနေ့ညက ကျင်းပခဲ့တဲ့ ဖီလီပိုင်နိုင်ငံမှ မင်နီပတ်ကျောင်း(Manny Pacquiao) နဲ့ ပေါ်တူရီကိုနိုင်ငံမှ မီဂေးကော်တို (Miguel Cotto) တို့ရဲ့ ကမ္ဘာ့ဝယ်လ်တာဝိတ်တန်း စိမ်ခေါ်ထိုးပွဲမှာ ပတ်ကျောင်းက ကော့တိုကို ၁၂ ချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူလိုက်ပါတယ်။ အခုဆိုရင် ပတ်ကျောင်းဟာ ၀ိတ်တန်း ၇ တန်းစလုံးမှာ ချီပီယံဆု ၇ ဆု ဆက်တိုက်ရခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားအဖြစ် သမိုင်းတွင်သွားပါပြီ။


ပတ်ကျောင်းရဲ့ အလွန်လျင်မြန်ပြီး အရှိန်ပြင်းလွန်းတဲ့ ထိုးချက်တွေကြောင့် ပွဲစဉ်တလျှောက်လုံးမှာ ကော်တိုဟာ ကြမ်းပြင်ပေါ်၂ကြိမ်လှဲခဲ့ပြီး မျက်နှာတခုလုံးမှာလည်း သွေးတွေဖုံးလွှမ်းခဲ့ပါတယ်။
“လက်သီးတွေ ဘယ်ကနေ ရောက်လာမှန်းတောင် မသိတော့ဘူး၊ ကျနော်ထိုးခဲ့သမျှပွဲတွေထဲမှာ ပတ်ကျောင်းဟာ အကောင်းဆုံး လက်ဝှေ့သမားပါ” လို့ ကော်တိုက ပြောပါတယ်။

ယခုစိမ်ခေါ်ပွဲမှာ ပတ်ကျောင်းက ဆုငွေဒေါ်လာ ၁၃ သန်း နဲ့ ကော်တိုက ၇ သန်း ရရှိပါတယ်။

ပတ်ကျောင်းဟာ နာမည်ကြီး ဒလာဟိုရာ(De La Hoya) နဲ့ ဗြိတိန်မှ ဟက်တွန်(Hatton) တို့ကို အနိုင်ယူထိုးခဲ့ပြီးနောက် လက်ဝှေ့လောကမှာ ပို၍ လူသိများကျော်ကြားလာခဲ့ပါတယ်။



Comments