Zay Hmine - Europe Fever Poem

ဥရောပ အဖျား
ဇေမှိုင်း
နိုဝင်ဘာ ၂၅၊ ၂၀၀၉
၆, ၈ တိုင်ပင်
ဂို ဂို
ဖြေးဖြေးလေး
ငြိမ့်လို့
တယောသံတွေဝင်
ရစ်သမ်ပါးပါးလေး …

ကြီးဒေါ်ကြီးက ပြောတယ်
နားထောင်လို့ အရမ်းကောင်းတယ် …
ငါ နားမလည်ဘူး
နင့် အသံတွေကတော့
ချွတ်နင်းသံလို ရင်ခုန်ရတယ်တဲ့ …

ငယ်ငယ်က
ဘကြီးယောရဲ့ ဓါတ်ပြား
ငါ့မြေး နားထောင်
ကြားဖူးတယ်ရှိအောင် …
မင်း ကြီးဒေါ် စာမတတ်တွေက
ကြောင်တောင်တောင် ပြောမှာပေါ့ကွ တဲ့ …

လွန်ခဲ့သော
နှစ်အစိတ်ကျော်
ကျွန်တော် မျှော်ကြည့်
ဒီနေ့ နှင်းထုထဲက ကျွန်တော်
မောမိ။

သိထားသမျှ  
အသိတရားနဲ့ အရှိတရား
မရတော့ပါ။
နှင်းတောထဲမှာ၊ နာဂစ်အောက်မှာ
ဝေဒနာသည်တွေရဲ့ အောက်မှာ
ကျွန်တော်ဖျားနေပါသည်။         ။

Comments

ဇေမှိုင်းရယ် ဖြေးဖြေးဖျားပါကွဲ့
ဘုရားချောင်းနောက်ကထန်းတောလေးမှာ
ကဗျာရွတ်ဖို့ အသက်ဓါတ်လေးချန်ထားခဲ့