Zay Hmine - Just Talk

ပြောကြ
ဇေမှိုင်း
နိုဝင်ဘာ ၈၊ ၂၀၀၉
မလင်းမချင်းကြီးမှာ
ပြောတယ်
ပန်းသီး တကိုက်က
အမောပြေမှာပါ …  တဲ့။

ပြောသေးတယ်
အနာဂါတ်လှိုင်းကြီးကို
အပြင်းစား ဂိမ်းတွေနဲ့
ကစားရတော့မှာ …  တဲ့။

ပြောပြန်တယ်
အိုင်ဒီယိုလော်ဂျီ တွေက
ဟောင်းကုန်ပြီ …။

ဒီလို
ကွင်းအသစ်မှာမှ
ကစားလို့ကောင်းတာ … တဲ့ ။

ထပ် ပြောသေးတယ်
တို့်ကန်တဲ့ ခပ်ကျဉ်းကျဉ်းကွင်းမှာ
အရေးပါတဲ့ သူက
အသင်းခေါင်းဆောင် … တဲ့ ပြောကြ။

စကောလာ လိုလို
ပုလင်းကောက်သမား လိုလိုတွေက
ပြောကြ ။

ပြောတယ်
ပြောသေးတယ်
ထပ်ပြောသေးတယ်
ပြောတယ် … ပြောတယ် … ပြောတယ်။

ပြော … ငပြောတွေ
နှင်းခေါင်ရတဲ့ အထဲမှာမှ အဲ့သလို
ပြောကြပါလေကုန် ရဲ့။    ။

Comments