117th Moe Gaung Pagoda Fastival & Burmese Traditional Food

ရန်ကင်း မိုးကောင်းဘုရားပွဲတော်ကြီး အောင်မြင်စွာ ပြီးဆုံး

မိုးမခဓာတ်ပုံသတင်း
ဒီဇင်ဘာ ၉၊ ၂၀၀၉
ရန်ကုန်မြို့၊ ရန်ကင်း၊ ၁၁၇ ကြိမ်မြောက် မိုးကောင်းဘုရားပွဲတော်ကြီးကို ဒီဇင်ဘာ ၁ ရက်က ၇ ရက်အထိ တပတ်ကြာ ၁၂ ပွဲ ဈေးသည်များ၊ မြို့ခံ ဘုရားပွဲတော်လာ ပရိသတ်များနဲ့ နေ့စဉ် ရက်ဆက် ကြိတ်ကြိတ်တိုး စည်းကားခဲ့တာကို တွေ့ရပါတယ်။
မြန်မာ့ရိုးရာဘုရားပွဲတော်များရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာဖြစ်တဲ့ မြန်မာ့ရိုးရာနဲ့ ခေတ်ပေါ် အစားအစာ၊ အသုံးအဆောင်နဲ့ ထွေထွေရရာ လက်ဆောင်ပစ္စည်းတွေကို ရောင်းချနေကြတာကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် မြန်မာ့ရိုးရာအစားအစာတွေကို ဆိုင်ခင်းပြီး ချက်ပြုတ်ကြော်လှော် ရောင်းချနေကြတာတွေ၊ တထိုင်တည်း ၀ယ်ယူစားသုံးကြတာတွေကို တွေ့နိုင်ပါတယ်။ (၁၁၇ ကြိမ်မြောက် မိုးကောင်းဘုရားပွဲ အ၀င်မုဒ်ဦး)

 - ဓာတ်ပုံပေါင်း ၄၀ ကျော်နှင့် အပြည့်အစုံကို ကြည့်ရန် ဒီနေရာကို သွားပါ -

Comments