Alinn Pyo Met Let Poem Group raised fund for HIV infected Burmese children in Rangoon


HIV ကလေးငယ်များအတွက် `အလင်းပျိုးမယ့်လက်များ´ကဗျာရွတ်ပွဲကျင်းပ
မိုးမခအထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၂၀၊ ၂၀၀၉ 
(အလင်းပျိုးလက် ကဗျာရွတ်ဆိုပွဲကို အင်းယားကန်စောင်းရှိ စိမ်းလန်းစိုပြေ ဥယျာဉ် ပန်းခြံထဲတွင် ကျင်းပစဉ်)
          HIV ကူးစက်ခံစားနေရတဲ့ ကလေးငယ်များအတွက် ရည်ရွယ်ပြီး ကဗျာရေးသူလူငယ် တစုက အလင်းပျိုးမယ့် လက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ပုံငွေရှာဖွေပေးတဲ့ ကဗျာရွတ်ဆိုပွဲတခုကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းလျားကန်စောင်းမှာရှိတဲ့ စိမ်းလန်းစိုပြေဥယျာဉ်ပန်းခြံထဲမှာ ပြုလုပ်ခဲ့ပါတယ်။

(ကဗျာရွတ်ဆိုနေသည့် လူငယ်  အဆိုတော် လင်းနစ်)
          ယခုကဗျာရွတ်ပွဲမှာ အိတ်ခ်ျအိုင်ဗီ ကလေးငယ်များ ရံပုံငွေအတွက် အမှတ်တရ တီရှပ်ရောင်းချခြင်း အလှူငွေ စုဆောင်းပေးခြင်းတို့ကိုလုပ်ဆောင်ခဲ့ကြပြီး ကဗျာစိတ်ဝင်စားသူ၊ လူငယ်များ၊ ဘလော့ရေးသားသူများနဲ့ လူ၁၀၀ ၀န်းကျင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ကဗျာရွတ်ဆိုပွဲမှာ လူငယ် အဆိုတော် လင်းနစ်က ကဗျာရွတ်ဆိုခြင်းနောက်ခံ တေးသီချင်းတီးခတ်ပေးခြင်းဖြင့် ကူညီခဲ့ပါတယ်။ လူငယ် အဆိုတော်နဲ့ တေးရေးသူ သားစိုးလည်း တက်ရောက်အားပေးခဲ့တာကို တွေ့ရှိရပါတယ်။

(အမှတ်တရ တီရှပ်)

Comments

ကောင်းဗျား.................................