Ashin Nanika - 3rd Book - Collection of Articles Published

Sample Imageအရှင်ဉာဏိကာဘိဝံသရဲ့ စာအုပ် - “အလှတွေ မျှဝေရစေဖို့” ထွက်ပြီ
မိုးမခရွာဆော်ကြီး
ဒီဇင်ဘာ ၅၊ ၂၀၀၉
          စက်တင်ဘာ ၂၀၀၉၊ ယုံကြည်ချက်စာပေက ရန်ကုန်မှာ ထုတ်ဝေတဲ့ စာရေးဆရာ အရှင်ဉာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်) ရဲ့စာအုပ် - အလှတွေ မျှဝေရစေဖို့ - အမည်ရတဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်တအုပ် ထုတ်ဝေလိုက်ပါတယ်။ မိုးမခစာဖတ်သူများနဲ့ မစိမ်းတဲ့ စာရေးဆရာ၊ သံဃာ၊ ခေတ်တက္ကသိုလ်ကျောင်းသား - ၃ မျက်နှာစာ ပေါင်းစည်းထားသူတဦးက ရေးတဲ့ အတွေးအမြင်ဆောင်းပါးစုံ ၂၃ ပုဒ် စုစည်းထားပါတယ်။
      ဘာသာရေး အတွေးအမြင်၊ မျက်မှောက် အတွေ့အကြုံနဲ့ မိမိကိုယ်ပိုင် အာဘော်တွေကို ရက်ခြယ်ဖောက်လုပ်ထားတဲ့ ပန်းစကြာမှန်ပြောင်းတခု ဖြစ်ပါတယ်။ ကာလီဖိုးနီးယား၊ ဘေးဧရိယာ၊ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်မှာ စာအုပ်ကို အားပေးလိုသူများ စုံစမ်းလို့ ရနိုင်ပါသတဲ့။ စာရေးသူရဲ့ တတိယမြောက် စာအုပ်လို့ ဆိုပါတယ်။ မိုးမခမှာလည်း မေးဝယ်နိုင်ပါတယ် ခင်ဗျား။

Comments