Burmese Literary Talk in Fort Wayne associated with Protest against Regime 2010 Election

ဖို့ဝိန်းက မြန်မာမိသားစုများက စာပေဟောပြောပွဲ ဖိတ်ကြား
မိုးမခရွာဆော်ကြီး
ဒီဇင်ဘာ ၂၂၊ ၂၀၀၉
          ဖို့ဝိန်းရောက် မြန်မာမိသားစုများက ဖို့ဝိန်းမြို့ စိန့်ဟန္နရီဘုရားကျောင်း၊ ဇန်န၀ါရီ ၂ စနေနေ့ - နေ့ခင်းမွန်းတည့်မှ စ၍ မြန်မာ့အရေး ရုပ်ရှင် ပြသခြင်း၊ စာပေဟောပြောပွဲ ကျင်းပခြင်းနှင့် မြန်မာ့အရေး ၂၀၁၀ ရွေးကောက်ပွဲ ဆွေးနွေးပွဲနှင့် ဆန့်ကျင်ဆန္ဒပြပွဲများ တစုတစည်းတည်း ဆောင်ရွက်ကြမယ့်အကြောင်း ဖိတ်ခေါ်ထားပါတယ်။ ကားအကြိုအပို့များလည်း ရှိတယ်လို့ ဆိုတယ်။ ဖိတ်စာတွေကို ဒီမှာ သွားကြည့်ကြပါ ခင်ဗျား။ စာပေဟောပြောပွဲက အဖိတ်ကြားခံ စာရေးဆရာများကတော့ - ဆရာ အောင်ဝေး၊ ဆရာမမေငြိမ်းနှင့် ဆရာမခက်မာ တို့ ဖြစ်ကြပါတယ်။

Comments