စင်္ကာပူရောက် မြန်မာများရဲ့ စာပေဟောပြောပွဲ လူ ၆၀၀ ကျော် ရုံလျှံ
မိုးမခ ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၂၂၊ ၂၀၀၉
စင်္ကာပူနိုင်ငံ၊ အင်တီယူစီစင်တာ၊ ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့ခင်းက ကျင်းပသော စာရေးဆရာ ချစ်ဦးညို၊ စာရေးဆရာ နေ၀င်းမြင့်နှင့် စာရေးဆရာမ ဂျုးတို့၏ စာပေဟောပြောပွဲကို စင်္ကာပူရောက်မြန်မာတို့က ရုံပြည့်ရုံလျှံ အားပေးခဲ့ကြသည်ကို တွေ့ရပါသည်။ ပရိသတ် ၆၀၀ ကျော် တက်ရောက်သည်ဟု ဆိုသည်။
နေ၀င်းမြင့်၊ ချစ်ဦးညိုနဲ့ ဂျုး - စင်္ကာပူသို့ ရောက်ရှိနေသူ စာရေးဆရာမကြီး ခင်ဆွေဦး
အခမ်းအနားအစီအစဉ် တက်ဆက်နေသူ ၂ ဦး - ဒေါ်သန်းသန်းနု
သဇင်မဂ္ဂဇင်း စီစဉ်သူ - (ဦး) ကောင်းမြတ်နွယ် - သဇင်မဂ္ဂဇင်း စီစဉ်သူ တဦး
စင်္ကာပူရောက် မြန်မာသံဃာတော်များ - ၀ိုင်းဝန်းကူညီဆောင်ရွက်ကြသူ မြန်မာလူငယ်များ
စင်္ကာပူက မြန်မာစာပေမြတ်နိုးသူများနှင့်တကွ စင်္ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်းအဖွဲ့၊ စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် အမ်အေအိုင်၊ ဖြူချားဖေါင်ဒေးရှင်း၊ သပြေနုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ပေါင်းစည်း ဆောင်ရွက်မှုများကြောင့် အောင်မြင်စွာကျင်းပ နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မိုးမခမိတ်ဆွေတဦးက မှတ်ချက်ပေးပါသည်။
ချစ်ဦးညို - စာရေးဆရာများနဲ့ စီစဉ်သူများ
ဂျူး နဲ့  နေ၀င်းမြင့်


(ဓာတ်ပုံများ သုံးခွင့်ပြုသူ - ဂျစ်တူး(မုံရွာ)နှင့် ဟောပြောပွဲစီစဉ်သူတို့ကို ကျေးဇူးတင်ပါသည်)
Comments