ဝပ် (Ward) အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်း အိန္ဒိယသို့ ဦးတည်
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၁၃၊ ၂ဝဝ၉
ဘင်္ဂလားပင်လယ်အော် မုန်တိုင်း ဖြစ်သော်လည်း မြန်မာပြည်ဘက်သို့ ဦးတည်ခြင်း မရှိပေ။
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၁၃၊ ၂ဝဝ၉

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဝပ် (Ward) အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းသည် အိန္ဒိယနိုင်ငံ တမီလ်နာဒူ ကမ်းရိုးတတန်းရှိ Kanyakumari နှင့် Nagapattinam ဒေသအကြားသို့ အင်္ဂါနေ့တွင် တိုက်ခတ်ဖွယ်ရှိကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ပြောကြားကြောင်း သတင်းများတွင် ဖော်ပြထားသည်။
“အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၇ဝ အကွာ် ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်” ဟု ခန့်မှန်းရကြောင်း ယနေ့ထုတ် မြန်မာသတင်းစာများတွင်လည်း ရေးထားသည်။
ပွင့်လင်းရာသီဟု အများစု မှတ်ယူထားသော နိုဝင်ဘာ နှင့် ဒီဇင်ဘာ လများကို မိုးလေဝသ ပညာရှင်များက ပွင့်လင်းရာသီဟု သတ်မှတ်ခြင်း မရှိကြောင်း ရန်ကုန်တွင် နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော SKY LAND အပတ်စဉ် ဂျာနယ်တွင် ဖော်ပြထားသည်။
၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလက ရခိုင်ပြည်နယ် မောင်းတောမြို့ အထက်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှ မြို့များတွင် ဆိုင်ကလုန်းတခု တိုက်ခတ်ခဲ့ရာ လူ ၅ သိန်း အသေအပျောက် ရှိခဲ့သည်ဟု ထိုဂျာနယ်တွင် ရေးထားသည်။

Comments