လောအယ်စိုး
ဒီဇင်ဘာ ၆၊ ၂၀၀၉
ကျနော်သည် ကရင်ပြည်နယ် ကျေးလက်ဒေသ တခု၌ ကြီးပြင်းလာခဲ့သော သူ တယောက်ဖြစ်သည်။ မွန်၊ ရှမ်း၊ ဗမာ၊ ပအိုးဝ် နှင့် ကရင်လူမျိုးတို့ ရောနှော နေထိုင်သော ကရင်ပြည်နယ်၏ ရေ၊ မြေ ၊ တောတောင်၊ ဓလေ့ထုံးစံ ၊ ဘာသာရေးပွဲတော်များ အကြား၊ ပြည်တွင်း မငြိမ်မသက် မှုကြောင့် ကရင်ပြည်နယ်အတွင်း ကျေးလက်ပြည်သူများတို့ ရင်နင်ဖွယ် ခံစားရသော နာကျင်သည့် အဖြစ်အပျက် အနိဋ္ဌာရုံတို့ကို မျက်ဝါးထင်ထင်တွေ့မြင် ခံစားခဲ့ရသည်။
အစိုးရစစ်တပ်က တဖက်၊ ဆန်ကျင်ဖက်လက်နက်ကိုင်အဖွဲ့အစည်းက တဖက် ကြားထဲတွင် မြေစာပင် ဖြစ်ရရှာသော ကျေးလက်ပြည်သူလူထုတို့၏ ဘ၀များနည်းတူ ကျနော်၏မိသားစုပါ ပြည်တွင်းစစ်၏ ၀ါးမြိုလောင်မြှိုက်ခြင်းကို တစိတ်တပိုင်း ခံစားခဲ့ရပါသည်။ ညီဖြစ်သူနှင့် ကျနော် တဦးနှင့် တဦး ကွဲကွာခဲ့သည့် နှစ်ပေါင်းက နှစ်ဆယ့်တနှစ် ကျော်ကျော်ကာလ။ ကျနော် အသက် ၁၇ နှစ် ကတည်းက ကွဲကွာခဲ့ကြပြီး၊ တဦးနှင့် တဦး ပြန်လည်ဆုံတွေ့တော့ ကျနော်က အသက် ၃၈ နှစ်၊ သူက ၃၇ နှစ်၊ အိမ်ထောင်ကျလို့နေပါပြီ။
Comments