Moe Sal Nay - A Place Poem

နေစရာ
မိုးစဲနေ
ဒီဇင်ဘာ ၁၂၊ ၂၀၀၉
ပြတင်းပေါက်ကို ဖွင့်လိုက်တိုင်း
အုပ်ဖွဲ့ပျံသွားတဲ့ ငှက်တွေကို တွေ့ရတယ်
တချို့က ခဲရာခဲဆစ်ပျံသန်း
ကိုယ့်အထင်သက်သက်လည်း ဖြစ်နိုင်ပါတယ်

ဘ၀မှာ မိန်းမနှစ်ယောက်
တိတိကျကျ သစ္စာဖေါက်ခံရဘူးတဲ့.
သူ မစီးရက်လို့ သူ့ရဲဘော်တွေကို
ချွတ်ပေးခဲ့တဲ့ ဖိနပ်နဲ့ ပါးရိုက်ခံခဲ့ရတဲ့
သူ့ တရားအတွက် သူ ပစ်ဖေါက်ဖို့ ယုယထားတဲ့
သူ့သေနတ်နဲ့ သူ ပြန်အဖမ်းခံခဲ့ရတဲ့
သူပုန်ပြေးကြီးတယောက်ကတော့ ပြောတယ်

မင်းမြေကြီးကို မနိမ့်စေနဲ့ တဲ့ ။

ကျနော့်မြေကြီးကတော့ အစထဲက မမြင့်တာပါ ရဲဘော်ကြီးရဲ့

စိုက်လိုတဲ့လှံတွေလဲ စိုက်ပါစေတော့
ပျံကျတွေ အုပ်ဖွဲ့ရာအရပ်ကို ကျနော် ပြန်လာဦးမယ်။
မျက်ရည်သုတ်မဲ့ ရင်ခွင်လေးကို မျှော်လင့်မိဦးမယ်။
ကျနော့်သမ္မာကျမ်းစာအုပ်နဲ့ ကျနော်ဆောင်းခိုဦးမယ်။
အချို့အချို့သော သူတွေကို ကျေးဇူးတင်ဦးမယ်။

အမေရယ် … ဟိုး ဆည်းဆာမှာ ငန်းတွေ အုပ်ဖွဲ့ပျံလာတိုင်း
သား နေစရာ မရှိခဲ့ဘူး။                  

(နိုဝင်ဘာ ၂၅၊ ၂၀၀၅ ခုနှစ်)

Comments