စာဖတ်သူတွေ ရေးတဲ့စာ၊ ဘတ်စီးသူ
ဒီဇင်ဘာ ၁၃၊ ၂၀၀၉
မိုးမခခင်ဗျား - ဒီနေ့ပဲ စီးလာတဲ့ ဘတ်စကားက နီနေတဲ့ မီးပွိုင့်ကို ၀င်တိုက်လိုက်တယ်။ မြင်တဲ့အတိုင်းပဲ။ ကားတွေက အိုနေပြီ။ ထိုင်ခုံတွေလည်း မရှိဘူး။ ဘရိတ်တွေလည်း မကောင်းဘူး။ ခရီးသည်ကို လုတင်တယ်။ အပြိုင်အဆိုင်မောင်းတယ်။ မီးပွိုင့်စောင့် ယာဉ်ထိန်းရဲတွေကို လာဘ်ပေးပြီး ဖြတ်မောင်းကြရတယ်။ အဲသည်မီးပွိုင့်စောင့်ရဲက လာဘ်မထိုးတဲ့ဘတ်စကားတွေဆို မီးနီတားတယ်။ ညစ်ကြတယ်။ အခုတော့ မြင်တဲ့အတိုင်းပဲ။ ကားအိုကြီး၊ အကျင့်ပျက် ခြစားနေတဲ့ ရဲတွေ၊ စိတ်ပျက်အားငယ်နေတဲ့ ခရီးသည်တွေ လမ်းမပေါ်မှာ ပြန့်ကျဲလို့ပေါ့။ ကဲ … သတင်းလေး ရေးပါဦး။
Comments