San San Tin - Mae Sot Poem

မဲဆောက်
စမ်းစမ်းတင်
ဒီဇင်ဘာ ၂၂၊ ၂၀၀၉
ဒီမြို.ကလေးမှာ
လူတွေကလည်း မြန်မာ
စကားသံတွေကလည်း မြန်မာ
မြန်မာတွေ မြန်မာစကား
လူတိုင်းလိုလို ပြောကြားနေတဲ့ မြို.ကလေး

 မြန်မာတွေလုပ်တဲ့ မုန့်
မြန်မာတွေဖတ်တဲ့ စာအုပ်
မြန်မာတွေကြည့်တဲ့ရုပ်ရှင်
မြန်မာတွေ သီဆိုတဲ့တေး
ဒီမြို.ကလေးမှာ ရှာလို့ရ

ဒီမြို.ကလေးမှာ
မြန်မာငွေ့ မြန်မာရနံ့
ဘယ်လိုပဲ ရရ
ဒီမြို.ဟာ မြန်မာ့မြေမှာ မရှိ
မြန်မာတွေပိုင်တဲ့  မြို့မဟုတ်
မြန်မာတွေရောက်နေလို့
မြန်မာပုံပေါက်နေတဲ့ မြို.

တကယ်တော့ …
မြန်မာဝေဒနာသည်တွေ
အဖြေလာရှာတဲ့ မြို့ကလေးသာ

ဒီမြို့ကလေးမှာ …

Comments