San San Tin - U2 Walk On

When I enjoy U2’s Walk On
စမ်းစမ်းတင်
ဒီဇင်ဘာ ၁၀၊ ၂၀၀၉
လမ်းလျှောက်နေတာ
ဘယ်လောက်များကြာခဲ့ပြီလဲ

တို့လမ်းလျှောက်ချိန်မှာ
တွေးခေါ်ရှင်ဟာ
လမ်းမလျှောက်ပါဘဲ
လှောင်ချိုင့်ကသာ
ကမ္ဘာကို ပတ်တာ အခါခါ

တို့လမ်းလျှောက်တာလည်း
လျှောက်ရင်းပျောက်
ပျောက်ရင်းထပ်လျှောက်
လမ်းလျှောက်သံသရာမှာ တ၀ဲလည်လည်

လှောင်ချိုင့်ထဲမှာ
တွေးခေါ်ရှင်ဟာ
လှောင်ချိုင့်ထဲကပဲ
ကမ္ဘာထဲရောက်
သူဟာလမ်းမပျောက်
ကမ္ဘာမှာ ထွန်းတောက်

ဒီဇင်ဘာ ၉၊ ၂၀၀၉

Comments