အခြေခံဥပဒေ ပြင်ဆင်မည်မဟုတ်ကြောင်း စစ်အစိုးရက သတင်းစာမှတဆင့်ပြော
AP သတင်းဌာန
ဒီဇင်ဘာ ၂၁၊ ၂ဝဝ၉
AP သတင်းဌာန
ဒီဇင်ဘာ ၂၁၊ ၂ဝဝ၉
ရှေ့နှစ်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်မည်မဟုတ်ဟု အစိုးရသတင်းစာ ဆောင်းပါးတစောင်တွင် တနင်္ဂနွေနေ့က ရေးသားထားသည်။
ထိုဆောင်းပါးက ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေး တောင်းဆိုချက်များ ပြုလုပ်နေ သောဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သတိပေးလိုဟန် ပေါ်နေသည်။
ဖွဲ့စည်းပုံသည် မျှတစွာ ရေးဆွဲထားခြင်း မဟုတ်သဖြင့် အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်မည်ဟု ဆုံးဖြတ်ခြင်း မပြုသေးပေ။ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အတွက်သာ ကြိုးစားနေသည်။
သတင်းစာ ဆောင်းပါးများသည် အစိုးရ၏ အာဘော်ကို ဖော်ပြလေ့ ရှိသည်။ တခါတရံတွင်လည်း အများပြည်သူ၏ သဘောထား၊ နိုင်ငံတကာ၏ တုံ့ပြန်မှုတို့ကို စမ်းသပ်သည့်အနေဖြင့် စစ်အစိုးရကိုယ်တိုင် တရားဝင် ပြောဆိုခြင်း မပြုဘဲ သတင်းစာတွင်သာ ပိုမို ပြင်းထန်စွာ ရေးသားဖော်ပြလေ့ရှိသည်။

Comments