Zaw Hmine - To Obama with Peace


ငြိမ်းချမ်းရေး လက်အစုံသို့
ဇေမှိုင်း
ဒီဇင်ဘာ ၁၂၊ ၂၀၀၉
လူတွေ
လှိုင်းတွေလို
တလိမ့်လိမ့် တိုးထွက်လာကြ
မိုးဦးကျ
မျှစ်တွေ၊ မှိုတွေလို
လက်တွေ
ကောင်းကင်ကို နှုတ်ဆက်ဝှေ့ယမ်းကြ
အနာဂါတ်အတွက် ဆုမွန်ချွေကြ
ဒီည
ကမ္ဘြာကီးကို
ခင်ဗျား ရလိုက်တယ် အိုဘားမား
ခရမ်းပြာရောင် ကတ်ထူဗူးကလေးကို ရတာမဟုတ်
တကမ္ဘာလုံးကို ရတာ
ခင်ဗျားဟာ
ရင်အုံတခြမ်း နဲ့ စစ်ခင်းနေပြီး
ရင်အုံတခြမ်း နဲ့ ငြိမ်းချမ်းရေးလုပ်တယ်
ဘယ်လက်နဲ့ လက်နက်ကိုင်ပြီး
ညာလက်နဲ့ လင်းပြာကို လွှတ်တယ်
တကယ်တော့
ငြိမ်းချမ်းရေးသမားတွေဟာ
တိုက်ပွဲတွေကြား က လာရတာပါ
အိုဘားမား ခင်ဗျား …
ခင်ဗျား လက်အစုံနဲ့
ချိုးလင်းပြာ တကောင်ကို လွှတ်ပါ
အဲဒီ ကမ္ဘာဟာ
နေပျော်စရာ ဖြစ်သွားမှာပါ၊၊

Comments