May Sa presents Tin Moe's paper on Burmese Life, Style and Poem from 2002

ကဗျာဆရာကြီး (ဦး) တင်မိုး ၃ နှစ်ပြည့် အမှတ်တရ လက်ဆောင်
မေစာ ရှာဖွေတင်ဆက်သည်

မြန်မာ့ဘ၀၊ မြန်မာ့ဝန်းကျင်နှင့် မြန်မာ့ကဗျာ (စာတမ်း)
တင်မိုး
ဇန်န၀ါရီ ၂၈၊ ၂၀၁၀
          မိတ်ဆက် - ၂၀၀၂ ခုကပါ။ မြောက်အီလီနွိုင်းတက္ကသိုလ် မြန်မာပညာရပ်ဌာန နှီးနှောဖလှယ်ပွဲကို ဆွီဒင်နိုင်ငံ၊ ဂိုတီးဘော့မြို့မှာ ကျင်းပပါတယ်။ မြန်မာပညာရပ်နှီးနှောဖလှယ်ပွဲဆိုတာ ကြားတော့ ဆရာဦးတင်မိုး ဆိတ်ဆိတ်မနေနိုင်ပါဘူး။ နှီးနှောဖလှယ်ပွဲမှာ ဖတ်ဖို့ဆိုပြီး “မြန်မာဘ၀၊ မြန်မာ့ဝန်းကျင်နှင့် မြန်မာ့ကဗျာ” ဆိုတဲ့ စာတမ်းတစောင် သူ့မိတ်ဆွေတွေဆီကို ပို့လိုက်ပါတယ်။
          အကြောင်းကြောင်းကြောင့် နှီးနှောဖလှယ်ပွဲမှာ စာတမ်းကို အရင်းအတိုင်း ဖတ်ပြခွင့် မရလိုက်ပါဘူး။ သိတဲ့အတိုင်း နှီးနှောဖလှယ်ပွဲမှာ စာတမ်းဖတ်ချိန်က စာတမ်းတစောင်အတွက် ၁၅ မိနစ်ပဲ ရတာက အကြောင်းတကြောင်း၊ စာတမ်းအားလုံးကို အင်္ဂလိပ်လို ဖတ်ကြတာက အကြောင်းတကြောင်း ဆိုပါတော့။ ဒါပေမယ့် ဆရာ့ကို ကြည်ညိုလေးစားတဲ့ ပညာရှင်တဦးက ဆရာ့စာတမ်းရဲ့ အနှစ်သဘောကို ရသမျှအချိန်လေးအတွင်းမှာ တတ်နိုင်သမျှ တင်ပြပေးခဲ့ပါတယ်။
          အဲနောက်မှာတော့ ဆရာ့စာတမ်းဟာမြုပ်နေခဲ့တယ်လို့ ယူဆပါတယ်။ ဘယ်စာစောင်၊ ဘယ်အင်တာနက် စာမျက်နှာမှာမှ မတွေ့မိပါဘူး။ ကိုယ်တိုင်က မျက်စိလျှံသွားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မပျောက်ကောင်း မမြုပ်ကောင်း စာတမ်းတစောင်ကို မဖတ်ဖူးသူများ ဖတ်ခွင့်ရစေချင်လို့ မိုးမခကနေ ဖြန့်လိုက်ရပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာစာပေ ယဉ်ကျေးမှု အပေါ်ထားရှိတဲ့ ဆရာစေတနာရနံ့ကြောင့် ဖတ်ရင်း ဖတ်ရင်း ကြည်နူးအားတက်ခွင့် ရကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
          ဒီစာတမ်းကို မြောက်အီလီနွိုင်းတက္ကသိုလ်က မြန်မာစာပြဆရာ ဦးစောထွန်းဆီက ရပါတယ် ရှင်။
          မေစာ
         
        မိုးမခကျေးဇူးစကား - ဆရာ(ဦး) တင်မိုး ၃ နှစ်ပြည့်မှာ အမှတ်တရ ကဗျာတွေ၊ စာတွေ၊ အခမ်းအနားတွေနဲ့ အမှတ်တရလုပ်ဖြစ်ကြပါတယ်။ ပြီးတော့ ဆရာရဲ့ ရှားပါးတန်ဖိုးကြီးတဲ့ စာတမ်းတွေကို ထုတ်ဖော်ခွင့်ကိုလည်း ဆရာရဲ့ ချစ်မိတ်ဆွေများက တင်ဆက်ပေးကြပါတယ်။ ယခုစာတမ်းအတွက် ဆရာဦးစောထွန်းနဲ့ ရှာဖွေပေးသူ “မေစာ” ကို မိုးမခက အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ ဆရာစာတမ်းကို မိုးမခချစ်သူများက ၀ိုင်းပြီး စာရိုက်ပေးကြမယ်ဆိုရင်လည်း ကြိုဆိုနေပါတယ်ခင်ဗျား။ ယခုတော့ ဆရာ့လက်ရေးမူအတိုင်း တင်ဆက်ပေးလိုက်ပါရစေ။
           ဒီနေရာမှာ ရယူနိုင်ပါပြီ။

Comments