မိုးမခဓာတ်ပုံသတင်း
သန်းစိုးနိုင် (ပင်နီနှင့် အလည်) (၀ဲဓာတ်ပုံ)။ ဖျာပုံနီလုံဦးနှင့် ဦးအုန်းကြိုင် (ယာဓာတ်ပုံ)
ယနေ့ နေ့ခင်းက ရန်ကုန်၊ ဗဟန်းရှိ အင်န်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် မြန်မာစာပေနှင့် စာနယ်ဇင်းပုဂ္ဂိုလ်ကြီးတဦးဖြစ်သူ လူထုဦးလှ၏ နှစ်၁၀၀ ပြည့် အထိမ်းအမှတ် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။ စာပေနှင့် စာနယ်ဇင်းအသိုင်းအ၀ိုင်းနှင့် အတိုက်အခံ ပုဂ္ဂိုလ်များက စာဖတ်ဝိုင်းကို စုံလင်စွာ တက်ရောက်ကြသည်။ အင်န်အယ်ဒီဗဟိုအဖွဲ့ဝင်များအပြင် ဟံသာဝတီဦးဝင်းတင်နှင့်အတူ မုံရွာအောင်ရှင်၊ မောင်မိုးသူ၊ ဖျာပုံနီလုံဦး၊ သန်းစိုးနိုင် စသည့် စာပေလောကသားများလည်း လာရောက်ကြသည်။
မောင်မိုးသူ (စာရေးဆရာ)၊ ဦးလှဖေ (ဗဟို)၊ ဦးသန်းထွန်း(ဗဟို)
အင်န်အယ်ဒီ အမျိုးသမီးအဖွဲ့ဝင်များက ဧည့်ခံကျွေးမွေးခဲ့ကြသည်။ မုံရွာအောင်ရှင် (၀ဲဓာတ်ပုံ)။
Comments