မိုးမခဓာတ်ပုံသတင်း
ယမန်နေ့ ဇန်န၀ါရီ ၂ မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့၊ အင်န်အယ်ဒီပါတီဌာနချုပ်တွင် မြန်မာပြည်၏ ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီအနုပညာပြပွဲကို ခင်းကျင်းပြသလျက်ရှိသည်ဟု သတင်း ရရှိသည်။ ဖိတ်ကြားထားသော သံတမန်များ၊ ဧည့်သည်တော်များနှင့် အမျိုးသားနိုင်ငံရေးလှုပ်ရှားသူ မျိုးဆက်များ တက်ရောက်ကြည့်ရှုကြသည်ဟု ဆိုသည်။ အခမ်းအနားတွင် ပါတီ၏ လက်ရှိ လှုပ်ရှားနေသူ သက်ကြီးခေါင်းဆောင်များနှင့် လူရွယ်များ၊ လူငယ်များကို တွေ့ရသည်။
Comments