Zay Hmine - Do not Want to Know - Poem


မသိချင်ဘူး မရဘူး
ဇေမှိုင်း
ဇန်န၀ါရီ ၂၃၊ ၂၀၁၀
ချော်ရည်တွေထဲမှာမှ
ပျစ်ပျစ်နှစ်နှစ်ကြီးကို
တောက်ပနေကြသကိုး …
ကပ်ပါးတကောင်ရဲ့ ကဗျာ
ကမ္ဘာမှာ အလှဆုံးတဲ့
ဘီယာတောထဲမှာ ပြောကြတယ်
မသိချင်တော့ပါဘူး  ၊၊

ညက
အိပ်မက်တွေနဲ့ ကျွေးတယ်
အိပ်မက်တွေကို ငါက ကဗျာနဲ့ဖြေပေးတယ်
ကျေအေးသလား ?
ညနဲ့ အိပ်မက်ကိစ္စ
မသိချင်တော့ပါဘူး  ၊၊

မွေးလာတာ ကဗျာလား?
ကဗျာအတွက် မွေးလာတာလား?
လင်းပြာဖြစ်မလား?
အရေပြားကလေးတောင်
မီးလောင်ခံခဲ့ရဘဝ ဖြစ်မလား?
ချော , ကိုချောနွယ်
ကိုညွန့်သစ် , ကိုအောင်နီ
ကျနော်တို့
ဗဟန်းမှာ ကဗျာစစ်စစ်တွေရွတ်ကြ
ဗားတော့ဘရက် ကို ဂုဏ်ပြုကြ
တဆစ်ဆစ် ဝေဒနာတွေနဲ့
ဘဝ စစ်စစ်မှာနေခဲ့ကြတယ်   ၊၊

မသိချင်တော့ပါဘူး
ဒါပေမဲ့
ရိုးမအနောက်နားက
လင်းလဲရွာကလေး
ပုတီးကုန်း သဲကုန်း ရွှေတောင် ဝါးတော ဝါးလယ်ရွာ
မသိချင်လို့ မရ
မလွမ်းလို့ မရ
ဗဟန်းညများထက် ပိုလွမ်းရပါသကောဗျာ  ။

Comments