မိုးယံမခ၊ ရန်ကုန်
နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံး
နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ သုခအလင်းစာကြည့်တိုက်ဖွင့်ပွဲကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ နံနက်ခင်းက မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ သုခကုသိုလ်ဖြစ်ဆေးခန်း အပေါ်ထပ်မှာ ကျင်းပခဲ့ပါတယ်။ တော်ဝင်နှင်းဆီ ဦးစိုးညွန့်နှင့် ဦးစိန်တင် (ကျော်သူ့ဖခင်)
“ဒီဖွင့်ပွဲကို စာအုပ်အလှူရှင်တွေကို အဓိကထားပြီး ဖိတ်ဖြစ်တယ်။ လောလောဆယ်မှာတော့ စာကြည့်တိုက်မှာ စာအုပ်ပေါင်း ၂ ထောင် ကျော် လောက် ရှိပါတယ်။ အသင်းရဲ့ ရန်ပုံငွေ ၅ သိန်းဖိုးလောက် စာအုပ်တွေ ၀ယ်ပြီး မတည်ခဲ့တာ။ ကျန်တာတွေကတော့ အသင်းကို ချစ်ခင်တဲ့သူတွေက လှူကြတာပါ။ လူမှုရေးအထောက်အကူပြု စာအုပ်တွေ အပါအ၀င် သုတ၊ ရသ စာအုပ်ပေါင်းစုံ ရှိပါတယ်။ လူငယ်မျိုးဆက်သစ်တွေ စာများများ ဖတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီစာကြည့်တိုက်ကို ဖွင့်ခဲ့တာပါ” စာအုပ်အလှူရှင်များနှင့် နာရေးကူညီမှု အသင်းသူ/ သားများ - ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှ စာအုပ်အလှူ
- မြန်မာသစ် မဂ္ဂဇင်းမှ စာအုပ်အလှူ - စာအုပ်အလှူရှင်များ
စာကြည့်တိုက်ဖွင့်ပွဲကို စာအုပ်အလှူရှင်များ၊ မဂ္ဂဇင်း ဂျာနယ်အသီးသီးက အယ်ဒီတာ၊ သတင်းထောက်၊ စာရေးဆရာများနဲ့ အနုပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။ ဖွင့်ပွဲမှာ ကြွရောက်လာကြသူများကို အကျွေးအမွေးအစီအစဉ်များနဲ့ ဧည့်ခံခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ လူမှုရေး ကူညီဆောင်ရွက်မှုများကို ပရိုဂျက်တာဖြင့် ထိုး၍ ပြသခဲ့ပါတယ်။
Comments