မိုးမခ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀
ဆရာဦးတင်မိုး ကွယ်လွန်ခြင်း ၃ နှစ်ပြည့်မှာ အမှတ်တရလက်ခံရရှိခဲ့တဲ့ ဆရာရေးသားခဲ့တဲ့ စာတမ်း - မြန်မာ့ဘ၀၊ မြန်မာ့ဝန်းကျင်နှင့် မြန်မာ့ကဗျာ ကို မိုးမခမိတ်ဆွေများ၊ ၀ိုင်းတော်သားများရဲ့ ၀ိုင်းဝန်းကူညီမှုနဲ့ အင်တာနက်စာအုပ် - အီးဘွတ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။ တကယ်တမ်း အခုလို မေတ္တာလက်ဆောင်အဖြစ် စာချစ်သူတွေလက်ထဲကို အရောက်ပေးပို့နိုင်အောင် ၀မ်းသာအားရ ခွင့်ပြုချက်ပေးခဲ့ကြတဲ့ ဆရာဦးတင်မိုးရဲ့ ကျန်ရစ်သူ မိသားစုဝင်များအားလုံးကို မိုးမခက ကျေးဇူးတင်ရှိပါကြောင်း သည်နေရာနေ ထပ်မံပြီး မှတ်တမ်းတင် ပြောကြားလိုပါတယ်။ စာချစ်သူတို့ ဒီနေရာကနေ ဖတ်ရှုနိုင်ပါပြီ။ လက်ဆင့်ကမ်းပြီးတော့ ဆရာကြီး ဦးတင်မိုးရဲ့ မြန်မာကဗျာစာတမ်းကို ဖြန့်ဝေပေးပါ။ မိသားစုနဲ့ မိတ်ဆွေတွေ၊ သားချင်းများ အတူတကွ စုဝေးကြလျက် အသံထွက်ပြီး ဖတ်ကြည့်ကြစမ်းပါလို့ မေတ္တာနဲ့ တိုက်တွန်းလိုက်ပါရစေ။ သာဓုပါခင်ဗျား။ ဒီနေရာမှာ ဖတ်ပါ။
Comments