မြို့ကြီးသားတို့ ရင်ဘတ်
မင်းမျို့
မတ် ၁၃၊ ၂၀၁၀
ကျေးလက် ယာခင်းရှင်တို့
ခင်ဗျားတို့ယာခင်းထွက်ကုန်ကို မြို့ပြဆီပို့လော့
မြို့ပြရဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေက
ခင်ဗျားတို့ ယာခင်းထွက်ကုန်ကို စားသုံးမယ် ချီးမွမ်းမယ်
ရော့ ဟောဒီမှာ အပေါစား ကော်ဖီ စီးကရက် အရက် ချိုချဉ်
မြို့ပြရဲ့ အောက်ဆုံးအလွှာက ပဲ့ကျလာတဲ့ အလေအလွင့်တွေ
ခင်ဗျားတို့က အကောင်းဆုံးတွေကို ခံစားတတ်မှာ မဟုတ်တော့
(သိတ်နူးညံ့တဲ့ အရသာတွေကို ခံစားဖို့ အဆင်သင့် မဖြစ်သေးတော့)
ခင်ဗျားတို့နဲ့ လိုက်ဖက်မယ့် အကြမ်းထည်တွေကိုပဲ အရသာခံကြပါ
မြေကြီးကိုင်တဲ့လက်တွေက ကတ္တီပါလက်အိတ်စွပ်ရင် ယားယံကုန်ကြမှာပေါ့
သံကောင်နဲ့ဗိုက်ပူနံကားလေးတွေကို ပိုးသားအင်္ကျီဝတ်ပေးရင် ယားယံကုန်ကြမှာပေါ့
ခင်ဗျားတို့ ဝေစု ဒိန်ခဲကို ကျွန်တော်တို့မြို့ကြီးသားတွေက
စားလည်းစား စုလည်းစုနဲ့ ထိန်းသိမ်းစောင့်ရှောက်နေကြပါတယ်
အဲဒီလို တာဝန်သိတတ်မှုကြောင့်ပဲ
ကျွန်တော်တို့ ရင်ဘတ်မှာ ဆုတံဆိပ်တွေနဲ့ လေးလံနေတော့တယ်။ ။
Comments