Zay Hmine - The Star on our side

နက္ခတ်မိတဲ့ကာလ
ဇေမှိုင်း
ဧပြီ ၁၀၊ ၂၀၁၀
ထင်မိသလား?
ဒါ နောက်ဆုတ်သွားတာလို့
အမှန်က
ထိုးဖို့ ပြင်တာပါ။

အဲဒီညနေခင်းမှာမှ
လောက်တွေတဖွါးဖွါးလွင့်စင်
အော်ဟစ်ကြ၊၊

အားလုံးက မချစ်မနေရ
ယူရိုဘဘကြီးတောင်
နှုတ်ခမ်းမွှေး ထောင်နေရပြီ
အမေ … ရေ
နွားရိုင်းသွင်းချိန်ပ
ညီအကိုမကွဲကြသေး
သူတို့တွေစောင့်နေကြသေးတယ်
မော့ကြည့်ကြတော့
ကောင်းကင်မှာပြာလို့ … ဒါ ခရမ်းပြာ
ဗေဒါ … ၊၊

Comments