ဓာတ်ပုံသတင်း - ဘားမားပါပါရာဇီ
မေ ၁၅၊ ၂၀၁၀
ယခင်လကတည်းက အင်းလေးကန် ရေပေါ်ဈေးနေရာရှိ ရေများ ခန်းခြောက်လာသည့်သတင်း ပြည်တွင်းဂျာနယ်များတွင် ဖော်ပြပြီး မကြာမီတွင် အင်းလေးကန်ဒေသအနီးရှိ ရွာများ၊ အိမ်များကြားတွင် လည်ပတ်နေသည့် ရေများမှာ ခန်းခြောက်လျက် ရှိသည်ကို တွေ့ကြရသည်။ ဓာတ်ပုံတွင် ဖောင်တော်ဦးအရပ်အနီးက ခြေတံရှည်အိမ်ရပ်ကွက်များကြားက လှေများဖြင့်သွားကြသည့် ရေလမ်းကြောင်းများ ခန်းခြောက်နေသည်ကို တွေ့ရသည်။
ပြည်တွင်းရှိ ပညာရှင်များက ဝေဖန်ပြောဆိုကြရာတွင် - ရာသီဥတုများ ဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ မြေအောက်ရေများ ခမ်းခြောက်ခြင်းတို့ကြောင့် သုံးရေများ ရှားပါးလာကြောင်း၊ ရရှိနေသေးသည့် မြစ်ရေ၊ ချောင်းရေ၊ မိုးရေနှင့် တွင်းရေတို့မှာလည်း “သောက်”ရေအဖြစ် အဆင့်မီသော သန့်ရှင်းသည့် ရေအဖြစ် မရရှိတော့ကြောင်း၊ ထို့အပြင် မြစ်များ၊ ချောင်းများကို ပိတ်ဆို့ပြီး ဆည်များ၊ ရေကာတာများနှင့် လျှပ်စစ်ဓာတ်အားစီမံကိန်းများ မဆင်မခြင် ဆောက်ခြင်းများကြောင့်လည်း ဖြစ်ကြောင်း ပြောဆိုကြသည်။
Comments