မိုးယံမခ - ဓာတ်ပုံသတင်း
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှစ်ပတ်လည် အကျိုးပြု ဇာတ်ကား ရိုက်ကူးစဉ်က ခေတ်မီ မီးငြှိမ်းသတ်နည်းများကို ၄င်းအဆောက်အအုံတွင် သရုပ်ပြ ရိုက်ကူးခဲ့သည်။ သို့သော်လည်း အမှန်တကယ် မီးလောင်မှု ဖြစ်ပွားချိန်တွင် တီဗီဇာတ်လမ်းထဲက အတိုင်း ထိရောက်စွာ ငြှိမ်းသတ်နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။
မနက်ပိုင်းကတည်း စတင်ခဲ့သော မင်္ဂလာဈေးမီးသည် ညနေ ၅ နာရီ ကျော်သည် အထိ မီးညွန့် ကျိုးသွားခြင်း မရှိဘဲ ဆက်လက် လောင်ကျွမ်းလျက် ရှိသည်။
မီးသတ်လှေကား သုံးစင်းဖြင့် ရေပက် ငြှိမ်းသတ်လျှက် ရှိပြီး နှစ်စင်းမှာ ရေမကြာခဏ ကုန်သွားသဖြင့် ရေပြတ်သွားချိန်တွင် မီးအရှိန် ပြန်ကောင်းလာသည်။ ထို့ကြောင့် ငြှိမ်းသတ်ရ ခက်ခဲသည့် အခြေအနေသို့ ပြန်ရောက်သွားသည်။
စည်ပင်မှ ရေကားများဖြင့် ကန်တော်ကြီးမှရေကို ခေါက်တုန့်ခေါက်ပြန် သယ်ယူပေးနေသည်ကို တွေ့ရသည်။ မီးခိုးလုံးများ များပြားစွာ ထွက်နေပြီး မီးသတ်ရဲဘော်များမှာ အနီးကပ် ငြှိမ်းသတ်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
ရေ မကြာခဏ ပြတ်တောက်သွားခြင်း၊ မီးသတ်ရဲဘော်များ လုံခြုံရေး အကာအကွယ်များ နည်းပါးခြင်းနှင့် အထပ်မြင့် အဆောက်အအုံမီး ငြှိမ်းသတ်ရာတွင် သုံးမည့် စက်ယန္တရား မလုံလောက်ခြင်းတို့ကြောင့် ဈေးအတွင်းရှိ လောင်စရာ လောင်စာများ ကုန်သွားပါမှ မီးငြိမ်းနိုင်မည်ဟု အများက သုံးသပ်ကြသည်။
မီးသတ်ကားတွေ ရေအလုံအလောက် မရှိတာကြောင့် မီးကိုဟန့်တား မထားနိုင်သေးပါဘူး။ ၄ လွှာနဲ့ အပေါ်ဆုံးထပ်ကို အရှိန်ပြင်းပြင်းနဲ့ လောင်နေဆဲပါ။ ပတ်ဝန်းကျင်ကလူတွေ မီးခိုးမွှန်ကြလို့ လမ်းတွေပေါ် ထွက်နေကြရပါတယ် ဟု ရန်ကုန်မှ မိုးမခ သတင်းထောက်က ပြောသည်။
တနေကုန် မီးမငြိမ်းသေးတဲ့ အတွက် လူထုက စိုးရိမ် ပူပန်နေတဲ့အပြင် ဒေါသပါ ထွက်နေကြပါတယ်။ မင်္ဂလာဈေးတ၀ိုက်ကဖုန်းတွေဟာ တနေကုန် အ၀င်သာရပြီး အထွက် မရကြပါဘူး။ လုံခြုံရေးအရ သက်ဆိုင်ရာက ပိတ်ခိုင်းတာဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ထမ်းတဦးကပြောပါတယ် ဟု သူက ရှင်းပြသည်။
မနက်ပိုင်းကတည်း စတင်ခဲ့သော မင်္ဂလာဈေးမီးသည် ညနေ ၅ နာရီ ကျော်သည် အထိ မီးညွန့် ကျိုးသွားခြင်း မရှိဘဲ ဆက်လက် လောင်ကျွမ်းလျက် ရှိသည်။
မီးသတ်လှေကား သုံးစင်းဖြင့် ရေပက် ငြှိမ်းသတ်လျှက် ရှိပြီး နှစ်စင်းမှာ ရေမကြာခဏ ကုန်သွားသဖြင့် ရေပြတ်သွားချိန်တွင် မီးအရှိန် ပြန်ကောင်းလာသည်။ ထို့ကြောင့် ငြှိမ်းသတ်ရ ခက်ခဲသည့် အခြေအနေသို့ ပြန်ရောက်သွားသည်။
စည်ပင်မှ ရေကားများဖြင့် ကန်တော်ကြီးမှရေကို ခေါက်တုန့်ခေါက်ပြန် သယ်ယူပေးနေသည်ကို တွေ့ရသည်။ မီးခိုးလုံးများ များပြားစွာ ထွက်နေပြီး မီးသတ်ရဲဘော်များမှာ အနီးကပ် ငြှိမ်းသတ်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
ရေ မကြာခဏ ပြတ်တောက်သွားခြင်း၊ မီးသတ်ရဲဘော်များ လုံခြုံရေး အကာအကွယ်များ နည်းပါးခြင်းနှင့် အထပ်မြင့် အဆောက်အအုံမီး ငြှိမ်းသတ်ရာတွင် သုံးမည့် စက်ယန္တရား မလုံလောက်ခြင်းတို့ကြောင့် ဈေးအတွင်းရှိ လောင်စရာ လောင်စာများ ကုန်သွားပါမှ မီးငြိမ်းနိုင်မည်ဟု အများက သုံးသပ်ကြသည်။
မီးသတ်ကားတွေ ရေအလုံအလောက် မရှိတာကြောင့် မီးကိုဟန့်တား မထားနိုင်သေးပါဘူး
တနေကုန် မီးမငြိမ်းသေးတဲ့ အတွက် လူထုက စိုးရိမ် ပူပန်နေတဲ့အပြင် ဒေါသပါ ထွက်နေကြပါတယ်။ မင်္ဂလာဈေးတ၀ိုက်ကဖုန်းတွေဟာ တနေကုန် အ၀င်သာရပြီး အထွက် မရကြပါဘူး။ လုံခြုံရေးအရ သက်ဆိုင်ရာက ပိတ်ခိုင်းတာဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ထမ်းတဦးကပြောပါ
Comments