ရန်ကုန်မိုး ရွာသွန်းပြီလေ
မိုးမခ ၀င်း
မေ ၁၇၊ ၂၀၁၀
ဒီနေ့မေလ ၁၇ ရက်နေ့၊ တနင်္လာနေ့။
နေမင်းရဲ့အပူရှိန် မြင့်မားလှတဲ့အပူချိန်ကို အံတုခံ ယူရင်းနဲ့ ဒီကနေ့တော့ တကယ်ပဲ မိုး ရွာပါပြီလေ။ မယုံကြည်နိုင်လောက်အောင် တကယ်ပဲ မိုးရွာပါပြီ။ မနေ့က ည ၇ နာရီလောက်ကစလို့ လကို ကြယ် ဖောက်တဲ့ မြင်ကွင်းကို ကြည့်ပြီး စိတ်ညစ်ရမလို၊ ၀မ်းနည်းရ မ လိုလိုနဲ့ ခံစားမိနေတုန်းမှာပဲ ဒီကနေ့မနက်တော့ မိုးရွာချလိုက်တာ ပါပဲ။ ဒါဟာ မိုးကိုမျှော်နေကြသူေ တွအတွက် အတိတ်ကောင်း နိမိတ်ကောင်းပဲ လို့ ကောက်ယူလိုက်တာပဲ ကောင်းပါ တယ်။
မိုးရွာတယ် ဆိုတာနဲ့ အပြင်ကိုထွက် ၊ မိုးရေစက်တွေမှ ဟုတ်မှ ဟုတ်ပါ့ မလား လို့ လက်နဲ့ခံ၊ မိုးခြိမ်းသံေ တွအစစ် … ဒါ လေယာဉ်ပျံသံ မဟုတ်၊ တကယ် မိုးခြိမ်းတာ၊ အဟုတ်ကို မိုးရေစက်ေ တွ ကျလာတယ်။ မိုးကောင်းကင်က မိုးမင်းကြီးက တကယ် ရွာချပေးလို က်ပြီ။
အချင်းချင်း ဖုံးဆက်ကြ။ အဟု တ် … ငါတို့ဆီ ရွာပြီ၊ အခု ရွာတာ၊ အခုကို ရွာနေတုန်၊ မိုးခြိမ်းနေတုန်း … ဘယ် နှစ်နာရီက ရွာတာလဲ၊ ဒီမှာကေ တာ့ အခုမှ ရွာတာ … တော်တော်များတယ်။ ဒီမှာတော့ သိပ်မရွာသေးဘူး။ ရွာတော့ ရွာတယ် …
အမယ်လေးနော်… လူလည်း ရူး များသွားပြီလားထင်မိ။
မိုးရွာတာ၊ မိုးရေစက်တွေ မြေကြီးပေါ် ကျလာတာ … တံစက်မြိတ်ဆီက မိုးရေစက်ကလေးတွေ ကျနေတာ … သစ်ပင်တွေ ချက်ချင်း စိုစွတ်သွားတာ … ချက်ခြင်းကြီး လက်မခံနိုင်သလိုလို။
အခု ဒီနေ့တော့ ရန်ကုန်မှာ မိုး စ ရွာ လာပါပြီ။ ဒီလိုနဲ့ မိုးကို ကြိုလို က်ရပြီ။ ရာသီကိုဖွဲ့ဆိုတဲ့ စာဆိုတွေ များရှိရင် အခု ၂၀၁၀ မိုး ကို စာဖွဲ့ကြမယ် ထင်ပါ တယ်။
မိုးရေစက်ကလေးများကို မျှော် နေရင်း … … … ။ ။
Comments
ဘာကိုမယုံနိုင်ဖြစ်နေရသလဲဟင်.း)
ယုံလိုက်ပါ...