NLD ခေါင်းဆောင် သခင်စိုးမြင့် အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်
ဓာတ်ပုံသတင်း
မေ ၂၀၊ ၂၀၁၀
NLD ခေါင်းဆောင် သခင်စိုးမြင့် (၁၉၂၃-၂၀၁၀)
NLD ခေါင်းဆောင် တဦး ဖြစ်သည့် သခင်စိုးမြင့်သည် ယနေ့ နေ့လယ်က ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားသည်။
သခင်စိုးမြင့်သည် ၁၉၉၁ ခုနှစ်တွင် NLD ခေါင်းဆောင် တဦး ဖြစ်လာသည်။ NLD တွင် တာဝန်ယူစဉ် အကြိမ်ကြိမ် ထိန်းသိမ်းခံရသည်။
ဦးခင်ကျော်ဟန် ပြုစုသည့် ၁၉၉၀ ရွေးကောက်ပွဲ မှတ်တမ်း စာအုပ်တွင် ပါဝင်သည့် သခင်စိုးမြင့်၏ ကိုယ်ရေးအကျဉ်း။

Comments
စကားချပ်- ဆရာကြီးဦးဝင်းတင်အင်တာဗျူးမှာ ကိုရစ်တို့အဖွား ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ ရဲရဲတောက်သွေးသတ္တိ၊ မတရားမှုတွေကို ဆန့်ကျင်တားမြစ်ဖို့ သခင်မကြီးတစ်ဦးပီသစွာ စိတ်အားထက်သန်မှု (မဆလအစိုးရမှ ပြည်သူများကို သတ်ဖြတ်နေမှုကို ကန့်ကွက်တဲ့စာမှာ လက်မှတ်ထိုးထောက်ခံဖို့) တို့ကို ကြားသိရတဲ့အတွက် ကြက်သီးဖြန်းဖြန်းထလောက်အောင် အံ့သြလေးစားမိပါတယ်။