Saw Wai's art gallery

ထမင်းဆိုင်ပြီးတော့ ပန်းချီပြခန်း
ဓာတ်ပုံသတင်း
သြဂုတ် ၂၉၊ ၂ဝ၁ဝစောဝေနှင့် သူ၏ သမီး
ကဗျာဆရာစောဝေက ရန်ကုန်မြို့ ရွှေဂုံတိုင် ဒေသတွင် ပန်းချီပြခန်း ဖွင့်ရန် အသင့်ဖြစ်နေပြီဟု ယခုတပတ်ထုတ် အလင်းတန်းဂျာနယ် သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ပန်းချီပြခန်းကိုလည်း သူ့မိသားစု ဖွင့်ခဲ့သည့် ထမင်းဆိုင် ကဲ့သို့ပင် “အဓိပတိ” ဟု အမည်ပေးထားသည်။ လာမည့် ဗုဒ္ဓဟူးနေ့တွင် ပြခန်း အစပြုမည် ဖြစ်ပြီး စောဝေ၊ သမီးဖြစ်သူ Ewi နှင့် ဒါရိုက်တာ မောင်မိုးသူ တို့၏ ပန်းချီပြပွဲကိုပါ ပြသမည်ဟု ဆိုသည်။ (ဓာတ်ပုံ - အလင်းတန်း)

Comments