အဆိုတော် သျှီက သူ့သီချင်းသစ်ကို ကိုယ်ပိုင် ၀က်ဆိုက်တွင် တင်ထား
ဓာတ်ပုံသတင်း
သြဂုတ် ၁၀၊ ၂၀၁၀
တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် တွေ့ရသော အဆိုတော် သျှီ။
သူ၏ ကိုယ်ပိုင် အင်တာနက် စာမျက်နှာ http://shetherocker.com တွင် အိပ်မက်ထဲမှာ အမည်ရှိ သီချင်းသစ်ကို တင်ထားသည်။
"အိပ်မက်ထဲမှာ သီချင်း ဖြစ်လာတဲ့ အတွေးကို ကဗျာလေး ရေးလိုက်တယ်။ ဒီကဗျာကို သံစဉ် ထည့်ကြည့်လိုက်တော့ သီချင်း ဖြစ်သွားတယ် ဟု သျှီက ပြောဆိုကြောင်း အလင်းတန်းတွင် ရေးထားသည်။
"ဆိုနေကျ ရော့ခ်ပုံစံ မဟုတ်ဘူး။ အိပ်မက်ကို ပုံဖော်ထားတဲ့အတွက် ဆွေးဆွေးမြည့်မြည့် နူးနူးညံ့ညံ့လေး လုပ်ထားတယ်" ဟု ရော့ခ် အဆိုတော်က ပြောသည်။
ငါ့အသည်းနှလုံးမင်းယူပါ၊ ခါးတဲ့သင်ခန်းစာ၊ မသေသော Rock သီချင်းတို့ကိုလည်း သူ၏ ၀က်ဆိုက်တွင် နားဆင်နိုင်သည်။

Comments