2nd Round of Protest Call made for Junta's Propaganda Stageshow at the bay area


စစ်ဝါဒဖြန့်သရုပ်ဆောင်တကျော့ပြန်စတိတ်ရှိုးကို ဆန်ဖရန်ဘေးဧရိယာ မြန်မာ့အရေးလှုပ်ရှားသူများ ဆန္ဒပြမည်
မိုးမခအထောက်တော် ၀၀၂
စက်တင်ဘာ ၂၁၊ ၂၀၁၀
ယမန်နေ့က ဆန်ဖရန်စစ္စကိုဘေးဧရိယာဒေသရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများ၏ သဘောထားကို မေးမြန်းစုံစမ်းရာတွင် ယခုလာမည့် စနေနေ့ စက်တင်ဘာ ၂၅ ညနေခင်း ဒေးလီးစီးတီး၊ လစ်တဲသီယေတာတွင် ကျင်းပမည့် စတိတ်ရှိုးကို ကန့်ကွက်ဆန္ဒပြမည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာစစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ကား “အရုဏ်ဦးမှာဖူးသည့်ကြာ” ကို ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ကန့်ကွက်ရှုတ်ချလျက်ရှိရာ၊ ထိုကား၏ သရုပ်ဆောင်တဦးပါဝင်သော စတိတ်ရှိုးများမှာ အမေရိကန်တ၀ှမ်းတွင် ကန့်ကွက် ဆန္ဒပြခြင်းနှင့် ရင်ဆိုင်နေရသည်။
ယခင်အပတ်က ကျင်းပခဲ့သည့် အဆိုတော်ချိုပြုံး၏ ဂီတပွဲတွင် ပွဲစီစဉ်သူတဦးက လာမည့်ရှေ့အပတ် စတိတ်ရှိုးပွဲကို လာအားပေးကြရန် စင်ပေါ်က အကြိမ်ကြိမ် ဖိတ်ခေါ်နေသည်ဟု ပွဲကြည့်ပရိသတ်တဦးက မိုးမခသို့ ပြောကြားသည်။
လာမည့်စနေ့နေ့ စတိတ်ရှိုးအစီအစဉ်သည် ဆန်ဖရန်ဘေးဧရိယာတွင် စစ်ဝါဒဖြန့်သရူပ်ဆောင်၏ ဒုတိယအကြိမ် တကျော့ပြန် ၀င်ရောက်ခြင်း ဖြစ်သည်။ အဆိုပါစတိတ်ရှိုး၏ မန်နေဂျာမှာ ကိုစိုးမိုး ဖြစ်ပြီး မြန်မာပြည်စစ်အစိုးရ၏ ၀ါဒဖြန့်သီချင်းများ သီဆိုရာတွင် ထင်ရှားသူ အကော်ဒယံအုန်းကျော်၏ သားဟု သိရသည်။ လာမည့်စတိတ်ရှိုးပွဲတွင် ၎င်း၏ မောင်နှမများအနက် တဦးဖြစ်သူ နေရီ ကို ပွဲထုတ်မည် ဖြစ်သည်။
“ချိုပြုံးပွဲမှာ အဲသည် ကိုစိုးမိုးကို တွေ့ရတယ်။ တက္ကဆပ်ပြည်နယ်က မြန်မာတွေက သူတို့တတွေကို ဖိတ်ထားတယ်။ ပွဲစဉ် ၃ ခု ရှိတယ်။ ပြီးရင် အရှေ့ခြမ်းကို သွားမယ် လို့ ပြောသံကြားတယ်။ မေရီလင်းတို့ နယူးယောက်တို့မှာ ပွဲ ရှိမယ်လို့ သတင်းတော့ ထွက်တယ်။ စုံစမ်းပေးမယ်”
ဟု ၎င်းက ပြောကြားသည်။
ဒုတိယအကြိမ် ပွဲစီစဉ်သူများကို အတိအကျ မသိရသေးသော်လည်း လက်မှတ်ရောင်းသူများ စာရင်းအရ ၎င်းတို့မှာ ဆန်ဖရန်၊ ဒေးလီးစီးတီး၊ ဖရီးမောင့်မြို့က မြန်မာအသိုင်းအ၀ိုင်းများ၊ လုပ်ငန်းရှင်များ၊ လူငယ် လူရွယ်များ ဖြစ်သည်။ ထမင်းဆိုင် ၂ ဆိုင်၊ အငှားယာဉ်မောင်းသူ မြန်မာများ၊ အိမ်ခြံမြေ အကျိုးဆောင်များ၊ သွားဆရာဝန် မိသားစုများ စသည်တို့က ဒုတိယတကျော့ပြန် ပွဲတော်ကို ၀ိုင်းဝန်း အားပေး ထောက်ခံနေကြသည်ကို တွေ့ရသည်။
“ဒါက ကျဉ်းမြောင်းတဲ့  ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မဟုတ်ဘူး။ လွန်ခဲ့တဲ့ မကြာသေးခင်က သမိုင်းဖြစ်ရပ်တွေကို အားလုံးက သိမီကြသူတွေချည်းပဲ ဖြစ်ပါတယ်။ ကိုယ်ယုံကြည်ချက်နဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း မိအို ဘအိုတွေ၊ မွေးကင်းစကလေးတွေ၊ မောင်နှမ သားချင်းတွေနဲ့ တကွဲတပြားဖြစ်ပြီး ခုချိန်ထိ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံထားနေရတဲ့ သူတွေ အများကြီး ရှိနေတယ်။ အဲသည်သူတွေရဲ့ မျက်နှာတွေနဲ့ အဲသည်သူတွေရဲ့ ဖြစ်ရပ်မှန်တွေကို ထောက်ထားပြီးတော့ အဲဒါတွေကိုပဲ ကြည့်ပြီး စစ်အစိုးရရဲ့ ၀ါဒဖြန့်ထောက်ခံသူတွေကို ကန့်ကွက်ဆန္ဒပြရတာ ဖြစ်ပါတယ်”
ဟု ဆန်ဖရန်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဆန်ဟိုဇေးပြည်နယ်တက္ကသိုလ်က အချိန်ပိုင်းကထိက မြန်မာအမျိုးသမီးက ၎င်းအမြင်ကို ပြောသည်။
“နောက်ပြီးတော့ ပျော်ပွဲ ရွှင်ပွဲ ၀ါသနာပါသူတွေ၊ ဆင်နွဲလိုသူတွေက ဒီလိုမျိုး အနုပညာရှင်တွေနဲ့ အပေါင်းအပါတွေကို ပေါ့ပေါ့လေး သဘောထားနေကြတယ်။ သူတို့တတွေ အလေးအနက် မစဉ်းစားဘဲ နေတာက - ယုံကြည်ချက်ကို မစွန့်လွှတ်လို့၊ အမှန်ကို ပြောတဲ့ အနုပညာရှင်တွေ မြန်မာပြည်က ထောင်တွေထဲမှာ အများကြီး အကျဉ်းကျ ခံနေရတယ်။ အနုပညာတွေ အပိတ်ခံထားရတယ်။ ဒါကို စဉ်းစားမပေးကြဘဲနဲ့ စစ်အစိုးရနောက်လိုက်တဲ့ အနုပညာရှင်တွေအတွက် ဘက်ကလိုက်ပြီးတော့ လျှောက်လဲချက်တွေ ပေးနေတာကို ကျမ အရမ်း အံ့သြမိရပါတယ်”
လို့ ၎င်းက သူ့ခံစားချက်ကို ပြောသည်။
လာမည့် စနေနေ့ ဆန္ဒပြပွဲကို အများပြည်သူသိရှိပြီး ၀ိုင်းဝန်းလာကြစေရန် အဖွဲ့အစည်းများကိုယ်တိုင်က သတင်းထုတ်ပြန်ပြီး အကြောင်းကြားမည်ဟု ဆိုသည်။ ယခုလက်ရှိတွင် BADA အဖွဲ့၊ BAWA အဖွဲ့၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာရောက် NLD-LA အဖွဲ့ဝင်များ၊ သုံးရောင်ခြယ်လူငယ်များ စသည့် အဖွဲ့များက စည်းရုံးလှုံဆော်မှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်။ ဥက္ကလန်မြို့တွင် အခြေချနေထိုင်သူ လူ့ဘောင်သစ်ပါတီ နှင့် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ မိသားစုများကိုပါ လိုက်လံအကြောင်းကြားမည်ဟု ၎င်းတို့ တိုင်ပင်ထားသည်ဟု မြန်မာ့အရေးလှုပ်ရှားသူများက ပြောပြသည်။
“မြန်မာပြည်သူတွေက မြန်မာပြည်တွင်းမှာ စစ်အစိုးရကို လွတ်လွတ်လပ်လပ် ပြန်လှန် ပြောဆို ဝေဖန်ခွင့် မရှိဘူး။ စစ်အစိုးရရဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောဆို ဆန္ဒပြတိုင်းမှာလည်း ရက်ရက်စက်စက် သတ်ဖြတ် ဖမ်းဆီး နှိမ်နင်းခြင်းခံနေရတယ်။ အခုလိုမျိုး သမိုင်းကို လိမ်ပြီး ပြည်သူကို စော်ကားတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း ပြည်သူတွေဟာ ဘာမှ ပြန်ပြောခွင့် မရှိကြဘူး။ ပြည်သူတွေ ပြောချင်၊ ကန့်ကွက်ချင်တာတွေကို ကျနော်တို့တတွေက ပြည်သူတွေကိုယ်စား သူတို့အသံတွေအဖြစ် ကျနော်တို့က ထုတ်ဖော်ပြသရတာ ဖြစ်တယ်”
ဟု ဘေးဧရိယာ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူအဖွဲ့ (BADA – Burmese American Democratic Alliance) က ဦးဆောင်သူ တဦးဖြစ်သူ ကိုညွန့်သန်းက ၎င်းသဘောထားကို ပြောကြားသည်။

“အခုလိုမျိုး စစ်အစိုးရအလိုတော်ရိတွေ အပေါင်းအပါတွေက ရှေ့တိုးလာတာကို တွေ့နေရတယ်။ အဲဒါကို ကျနော်တို့က လျှော့ပေးလို့ မရဘူး။ အခုကတည်းက သူတို့ကို အလျှော့ပေးလိုက်ရင် နောက်မှာ ပိုပြီးတော့ တိုးလာဖို့ ရှိတယ်။ သူတို့ကို ပိတ်ဆို့အရေးယူထားတဲ့ သပိတ်မှောက် ၀ိုင်းကျဉ်ထားတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းထဲကို အတင်းတိုးဝင်ပြီး လူရာဝင်ဖို့ ပိုလုပ်လာလိမ့်မယ်။ ဒါကြောင့် ကျနော်တို့က လက်မခံကြောင်း ပြရတာ ဖြစ်တယ်။ စစ်အစိုးရရဲ့ ပေါ်လစီတွေ၊ လုပ်ရပ်တွေ၊ မူဝါဒတွေကို ဆန့်ကျင်တာ ဖြစ်တယ်။ အဲဒါတွေကို လက်ခံအားပေးနေသူတွေကိုလည်း ဆန့်ကျင်ရမှာ ဖြစ်တယ်”
ဟု ဘေးဧရိယာ၏ မြန်မာ့အရေးတက်ကြွလှုပ်ရှား ဆောင်ရွက်နေသူတဦးဖြစ်သော  သုံးရောင်ခြယ်လူငယ်အဖွဲ့က ကိုမိုးကျော်က ၎င်းသဘောထားကို မိုးမခသို့ ပြောပြသည်။
“မြန်မာပြည်တွင်းမှာ စစ်အစိုးရက လုပ်ကြံဖန်တီးထားတဲ့ ရွေးကောက်ပွဲတခုကို ကျင်းပဖို့ ကြိုးစားနေတယ်။ ပြည်သူတွေက လက်မခံဘူး၊ အသိအမှတ်မပြုကြဘူး။ နအဖကလည်း တချိန်တည်းမှာပဲ နည်းပေါင်းစုံနဲ့ ပျော်ပွဲ ရွှ့င်ပွဲတွေ၊ လုပ်ကြံဝါဒဖြန့် ဇာတ်ကားတွေနဲ့ ပြည်သူတွေကို ၀ါဒဖြန့်မှိုင်းတိုက်ပြီး ရှုပ်ထွေးမှုတွေ ဖန်တီးလာတယ်။ ပြည်တွင်းမှာသာမက ပြည်ပကမြန်မာတွေကလည်း လက်မခံဘူး။ ဒါက စစ်အစိုးရဘက်တော်သားရုပ်ရှင်တွေ၊  အနုပညာရှင်တွေကို ဆန့်ကျင်တာ သက်သက်တင် မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို သက်ဇိုးရှည်စေတဲ့ ၂၀၀၈ အခြေခံဥပဒေတို့၊ ၂၀၁၀ ရွေးကောက်ပွဲတို့ကို ဆန့်ကျင်တဲ့ သဘောထား ကို ပြသတာ ဖြစ်ပါတယ်။”
ဟု ဘေးဧရိယာရောက် အင်န်အယ်ဒီ (လွတ်မြောက်နယ်မြေ) ၏ ဦးဆောင်သူတဦးဖြစ်သူ ကိုတိုးလွင်က မိုးမခကို ရှုင်းပြသည်။
 “ကျနော်တို့တတွေ အမြင်ကျယ်ကြဖို့လိုတယ်။ စစ်အာဏာရှင်ကို  ဆန့်ကျင်တဲ့နေရာမှာ ပြည်တွင်း၊ ပြည်ပက မြန်မာတွေအနေနဲ့ ငါတို့နဲ့ မဆိုင်ဘူး၊ သူတို့နဲ့ မဆိုင်ဘူး ဆိုတဲ့ စိတ်တွေကို စွန့်လွှတ်ပြီးတော့ အားလုံး အတူတကွ တစိတ်တည်း တ၀မ်းတည်း လက်တွဲရပ်တည်ကြောင်း ပြသကြဖို့ အချိန်ဖြစ်ပါတယ်။”
ဟူ၍ ကိုတိုးလွင်က ၎င်းသဘောထားကို ပြောကြားသွားသည်။

အယ်လ်အေ မြန်မာ့အရေးလှုပ်ရှားသူများက ၎င်းတို့ဆန္ဒပြပွဲတွင် သုံးစွဲခဲ့သော စာတန်းများ၊ ပိုစတာများကို ဆန်ဖရန် ဆန္ဒပြပွဲအမီ ပေးပို့ပြီး ၎င်းတို့၏ ထောက်ခံမှုနှင့် သဘောထားတခုတည်း ရှိမှုကို ပြသမည် ဟု သိရသည်။
ယခုကဲ့သို့သော စစ်အစိုးရ၏ ၀ါဒဖြန့်အနုပညာရှင်များ စေလွှတ်လိုက်ခြင်းကြောင့် အမေရိကန်ရောက် မြန်မာမိသားစုများအတွင်း ပျော်ရွှင်အေးချမ်းမှုများ ဖြစ်ပေါ်ရမည့်အစား သဘောထားများ ကွဲပြားခြင်း၊ စစ်အစိုးရအလိုတော်ရိတို့၏ အနုပညာဗန်းပြပြီး လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပေါ်လာကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာပြည်ရှိ အမေရိကန်သံရုံး ဗီဇာဌာနက အဆိုပါ အငြင်းပွားမှုများကို ရှောင်လွှဲနိုင်ရန်အတွက် ပိုမို စိစစ်မှုများ ဆောင်ရွက်စေလိုကြောင်း တရားဝင်စာရေးသား ပေးပို့ရန် ကြိုးစားမည်ဟု ဘေးဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူအဖွဲ့များက ဆွေးနွေးမည်ဟု ဆိုသည်။
 

Comments

If I were you, I would not have wasted the time as we need to do many things to achieve the mission.
If a few minutes will be spent, please read the article at http://kopaw07.blogspot.com/2010/09/blog-post_19.html.
Before the protest for the movie stars in Ar Young Oo Mar Phu The Kyar, was the third anniversary for the monks protest?
Many of people from the Bay Area will see the concert.
How many people were in the last protest? How many people will join the next protest?
In reality there were less than 20 people in the last protest and were more than 700 people attending the concert.
The people attending the concert do not support SPDC and are not Than Shwe's friends.
We need not only to respect the activists but also to understand the people who live in Burma as the people living in the other countries cannot go back to protest and so cannot the movie stars, Wine Suu Khaing Thein, Khnat Si Thu, Daw Mar Mar Aye and Win Nyein.
WE NEED TO THINK BEFORE WE DO THINGS.
OUR MISSION IS TO PROTEST SPDC TO ACHIEVE DEMOCRACY IN BURMA.
Unknown said…
Exiled Politicians,
You guys are keep talking about Kyaw Thu and Zar Ga Nar and compare them with the celebrities who were acting in “Ar Yone Oo” movie. I totally a greet that Kyaw Thu and Zar Ga Nar are heroes and really fighting for our Burmese people. If you compare them with the celebrities acting in “ Ar Yone Oo” movie will be like “ oil an water”.
But what if we compare you guys with Min Ko Naing , Ko Ko Gyi , other student leaders and politicians who live inside Burma and fighting for our Burmese people.
What are you guys doing when these student leaders were fighting for our Burmese people in 2007????
What are you guys doing when our monks fighting for our Burmese people?????
Are anyone of you guys thinking of going back to Burma and support them and join them at that time???
Are anyone of you guys thinking of even going to border area doing political movement and support them from there????
You guys gave so many reasons to stay here (not only you, but also brought families here) and just issue statements and just shout while no one arrest you here.
If we compare you guys with Min Ko Naing and others who live inside Burma and really fighting for Burmese people, you guys are no different than the celebrities who acted in “ Ar Yone Oo” movie.
I am not blaming you for this. I can understand that you guys are afraid of arrested by military government and cannot go back to Burma because of this. Some more I support your political movements here and fighting against military government from here in anyway. But no matter what you guys cannot and dare not go back Burma. The same apply to the celebrities who acted in “Ar Yone Oo” movie.
I am not protecting them and get nothing from them. But I just want you guys to keep some considerations for those celebrities for where they live and who they dealing with. You all knew what happened to Nyi Gyaw and other three celebrities who helped Kyaw Thu. We all can see from that event, how difficult for celebrities to live under this military government.
If you guys want to protest the celebtities who act in government’s policu movies, even Kyaw Thu was act in “ Hla Lay Sein” movie. Daw Mar Mar Aye, May Sweet, Mi Mi Win Phay, Ya Da Nar Oo, Ni Ni Win Shwe, Cho Pyone,……. Almost everybody who live here were sung and acted in government’s policy movies. Why now???? Why only now???????
Unknown said…
You guys trying to compare lives of prisoners with the life of celebrity here when protest.
Everybody here knew all those political prisoners how they sacrificed and separated from their families and their love ones. Everybody felt sorry for them.
But it is totally different issue that comparing those prisoners lives and the celebrity life.
You guys are keep on telling that all these protests are not intended for personal attack. If this is not personal attack why are you guys holding some posters that mentioned personal and why are you guys want to cancel all these concerts. Not only here, but also in other countries. Why are you guys want all these celebrities to get bar from getting Visa to other countries??? You guys also try to stop the celebration party for celebrities in Las Vegas. If you are not attacking personally, all these things shouldn’t be happened.
No one blame you and argued with you guys if you guys are protesting against military government, “Ar Yone Oo” movie and their policy. I support non personal protest. Everybody would have support you. But your guys are attacking celebrities and the worse thing is you guys are attacking audience who are watching these music concerts.
The innocent people went there and watch just concert. They were not there to watch “ Ar Yone Oo” movie. They were not there to support the military government. And also Wine Su Khine Thein was not there to sing policy songs.
But you guys name all the audience Than Shwe’s Friends. And also criticized the audience like “ myat na pyaung tite”. This is totally unacceptable.
I have asked some the protesters from previous protest that why are you guys doing this.
You know what; they are telling me that they are doing this because other politicians in other states and other countries were doing this. If they don’t do this protest, they will get blame by other politicians. I want you to check within your group that if they really want to do this or not.
And I don’t understand why you guys are trying so hard to do this protest about this music concert.
There is third Anniversary of Saffron Revaluation within this month and I never heard of you guys are planning for this protest.
Shouldn’t we concentrate more on this Saffron Revaluation????
I think you guys are doing this protest based on your emotion for the prisoners inside Burma and heading to a wrong direction at this time.
I want you to succeed and everybody want you guys to succeed.
Let me make myself clear about this comment again,
I support non personal protest and I support protest against “ Ar Yone Oo “ movie 100%.