How Far You can go under the Dictatorship of Burmes Regime

အာဏာရှင်အလိုကျ ဘယ်လောက်ထိ နေကြ ရ မှာလဲ
(နေချင်သေးတာလဲ …)
ကျော်ဝဏ္ဏ
စက်တင်ဘာ ၈၊ ၂၀၁၀
(၁) အခုအမေရိကားကိုရောက်နေတဲ့ တီးဝိုင်းတခုမှာ အဖွဲ့ဝင်အဖြစ်ပါဝင်လာတဲ့ အဆိုတော်အမျိုးသမီး တယောက်ဟာ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေး၊ ဒီမိုကရေစီအရေးတော်ပုံကို သေးသိမ်အောင်ပြုလုပ်ရေး၊ အနုပညာရှင်တွေအပါအဝင် တပြည်လုံးကို စစ်ကျွန်ပြုရေး အစီအမံထဲက တစိတ်တပိုင်းဖြစ်တဲ့ သမိုင်းမှန်ကို ဖုံးဖိလိမ်ညာ မှိုင်းတိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတကားမှာ ပါဝင်ပတ်သက်ခဲ့သူဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အင်္ဂလန်နိုင်ငံက မြန်မာ့အရေးစိတ်ဝင်စားသူများက စတင်လှုံ့ ဆော်ခဲ့ကြပြီး အဲဒီရုပ်ရှင်မှာ ပါဝင်ပတ်သက်ခဲ့ကြသူတချို့ နဲ့ အင်္ဂလန်မှာပြုလုပ်၊ ရုံသွင်းခဲ့တဲ့ ပွဲတွေကို ဆန့်ကျင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ဆန္ဒပြကန့်ကွက်မှုတွေဟာ တဖြည်းဖြည်းကျယ်ပြန့်လာပြီး အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယားစတဲ့ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ရှိတဲ့ တိုင်းပြည်တွေက မြန်မာ့အရေးစိတ်ဝင်စားသူများ အကြား ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဉ်တခုဖြစ်လာခဲ့ပါတယ်။

(၂) ပြည်ပရောက်မြန်မာတွေဟာ တကိုယ်ကောင်းဆန်လို့သာ ပြည်ပကိုရောက်လာကြတာ၊ တကယ်တမ်း သတ္တိရှိရင် မြန်မာပြည်ပြန်ပြီး စစ်အစိုးရကို ချကြပါလားလို့ တဖက်သတ်ပြောဆိုနေကြတဲ့အသံတွေလဲ ကြားနေရပါတယ်။  ပြည်ပကနေပြီး မြန်မာပြည်အပြောင်းအလဲအတွက် ထိထိရောက်ရောက် မလုပ်နိုင်ဘူး ဆိုတာ အပြည့်အဝမမှန်ပါဘူး။ ကျနော်တို့ရဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ဆိုင်ပါတယ်။ ပြည်ပကမြန်မာတွေ ညီညီညွတ် ညွတ်နဲ့ ထိထိရောက်ရောက်လုပ်နိုင်တဲ့ကိစ္စတွေရှိပါတယ်။ လုပ်ချင်စိတ်ရှိဖို့ပဲလိုတာပါ။
သတ္တိရှိရင် မြန်မာပြည်ပြန်ပြီး ချကြပါလားလို့ ငါ့စကားနွားရ ပြောတာမျိုးကတော့ ကလေးကလားဆန်လွန်း လှပါတယ်။ မိမိကိုယ်တိုင်က မဟုတ်တာ မမှန်တာမလုပ်ဘူး၊ ဟုတ်တာမှန်တာပဲ လုပ်မယ်။ မဟုတ်တာ မမှန်တာတွေဖြစ်နေ လုပ်နေတာကိုလဲ လက်မခံဘူး။ လက်မခံရုံတင်မက လက်မခံကြောင်း၊ ဆန့်ကျင် ကြောင်းကိုလဲ ထုတ်ဖော်ပြောဆိုကန့်ကွက်ဖို့ဝန်မလေးတဲ့သူတွေအနေနဲ့ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲ ဖြစ်ဖြစ် နေရာဒေသမရွေး လုပ်ဆောင်ကြရမှာပဲဖြစ်ပါတယ်။

(၃) စစ်အစိုးရရဲ့ ဝါဒဖြန့်ကိစ္စတွေမှာ ပါဝင်ပတ်သက်နေသူတွေကို စာနာပေး၊ နားလည်ပေးလိုသူတွေက “ပြည်တွင်းမှာ ဘယ်သူမဆို စစ်အစိုးရခိုင်းတာလုပ်ရမှာပဲ။ တခြားနည်းလမ်း မရှိပါဘူး။ အဲဒါကို နားလည်ပေး ဖို့ လိုတယ်” လို့ ဆိုပါတယ်။
စစ်အစိုးရအနေနဲ့ အမျိုးမျိုးအဖုံဖုံသော ဝါဒဖြန့်ချိရေးလုပ်ငန်းဆောင်တာတွေမှာ  စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ စတဲ့ အနုပညာရှင်ပေါင်းများစွာကို မြူဆွယ်ဖျားယောင်း၊ အကျပ်ကိုင် ခြိမ်းခြောက်တဲ့နည်းပေါင်းစုံ သုံးပြီး သူတို့အာဏာတည်မြဲရေးအတွက် တချိန်လုံး အသုံးချခဲ့ကြပါတယ်။
ပြည်တွင်း၊ ပြည်ပရှိပြည်သူတွေအနေနဲ့ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေး တေးသီချင်းတွေ၊ ရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကား တွေ၊ အငြိမ့်တွေကို မနှစ်မြို့ပေမယ့် အဲဒါတွေကို သီဆို၊ ဖန်တီး၊ သရုပ်ဆောင်ကြသူများကို အတိုင်းအတာ တခုအထိ နားလည်ခွင့်လွှတ် ပေးခဲ့ကြပါတယ်။ ကာလများစွာ၊ နှစ်များစွာ နားလည်ခွင့်လွှတ်ပေးခဲ့ကြတာပါ။
အခုအချိန်မှာ ထွက်ပေါ်ခဲ့တဲ့ စစ်အစိုးရရဲ့ ဝါဒဖြန့်ဇာတ်ကား “အာရုံဦးမှာ ဖူးသည့်ကြာ” ကတော့ အဲဒီ နားလည်ခွင့်လွှတ်သည်းခံမှုတွေ အဆုံးစွန်ရောက်သွားအောင် မြန်မာနိုင်ငံရဲ့ အာဏာရှင်ဆန့်ကျင်တော်လှန် ရေး ဖြစ်စဉ်တွေအားလုံးကို သိမ်းကျုံးစော်ကားလိုက်ပါတယ်။
ဦးသန့်အရေးအခင်း၊ သခင်ကိုယ်တော်မှိုင်း ရာပြည့် အရေးအခင်း၊ အလုပ်သမားအရေးအခင်းတွေနဲ့ တနိုင်ငံလုံး ညီညွတ်စွာ အာဏာရှင်ကို ဆန့်ကျင် အံတုခဲ့ ကြတဲ့ ရှစ်လေးလုံး အရေးတော်ပုံတွေဟာ ကျပ်မပြည့်တဲ့ အခွင့်အရေးသမားတွေရဲ့ ဆူပူဆန့်ကျင် မှုတွေလို့ စော်ကားပျက်ရယ်ပြုခဲ့သလို အဲဒီဇာတ်ကားဟာ သမိုင်းဖြစ်ရပ်မှန်ဖြစ်တယ်လို့ ဝါဒဖြန့်ချိခဲ့ကြပါ တယ်။
ဒီဇာတ်ကားကြောင့် ပြည်ပရှိ မြန်မာပြည်အရေးစိတ်ဝင်စားသူတချို့ ရဲ့ မခံမရပ်နိုင် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ရသလို ရပ်တည်ရေးကိုအကြောင်းပြပြီး အာဏာရှင်အလိုကျ လက်ကိုင်တုတ် အဖြစ်အသုံးတော်ခံနေကြတဲ့ အနုပညာရှင်ဆိုသူများအပေါ် နားလည်သည်းခံခွင့်လွှတ်မှုတွေဟာ ကုန်ဆုံးသွား ခဲ့ပြီ ဖြစ်ပါတယ်။

(၄) ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အနုပညာရှင်ဆိုသူများအပေါ် ကာကွယ်လိုသူတချို့ ရဲ့ တဖက်စောင်းနင်း ဇာတ်နာအောင် ပြောဆိုမှုများလဲ ထွက်ပေါ်ခဲ့ပါတယ်။ ငယ်ရွယ်နုနယ်တဲ့ မိန်းကလေး အဆိုတော် အမျိုးသမီးလေးကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြတဲ့ ယောက်ကျားသားတွေက အင်အားသုံးပြီး ဝိုင်းဝန်း ရိုက်နှက် ထိုးကြိတ်ကြတော့မယောင် လုပ်ကြံဖန်တီးပြီး တကယ့်အနှစ်သာရဖြစ်တဲ့ သမိုင်းဖြစ်ရပ်မှန်များကို စော်ကားလိမ်ညာရန် လက်ကိုင်တုတ်အနုပညာသည်များအသုံးချခြင်းကို ဆန့်ကျင်တဲ့ဦးတည်ချက်    ပျောက်ပျက်သွားအောင်၊ ပုဂ္ဂိုလ်ရေးမုန်းတီးလို့ပဲ ထိုးနှက်တိုက်ခိုက်သယောင် ရည်ရွယ်ပြောဆိုနေကြ ပါတယ်။
တကယ်တမ်းတော့ အာဏာရှင်ရဲ့လက်ကိုင်တုတ်အဖြစ် အလိုတူသည်ဖြစ်စေ၊ အလိုမတူသည်ဖြစ်စေ ပါဝင်ပတ်သက် အသုံးတော်ခံနေကြသူများ၊ ဆက်လက်ပြီး လက်ကိုင်တုတ်အဖြစ် ပါဝင်ပတ်သက် အသုံးတော်ခံကြဦးမယ့်သူများကို ငြိမ်းချမ်းစွာဆန္ဒပြသူများက သတိပေးနေတာပဲဖြစ်ပါတယ်။
ပြည်သူတွေကို လေးစားပါ။ ပြည်သူချစ်တဲ့အနုပညာရှင်တွေကို ရှက်ပါ။ နိုင်ငံသမိုင်း မိမိသမိုင်းကို တန်ဖိုး ထားပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်ကောင်းစားရေး အတွက် အသက်တွေ ဘဝတွေကို စတေးခဲ့ကြသူများကို အမှတ်ရပါ။ မိမိရပ်တည်ရေးကွက်ကွက်သာ အာရုံစိုက်မနေဘဲ ဥာဏ်ပညာနဲ့ ပိုင်းခြားပြီး လုပ်သင့်တာ မလုပ်သင့်တာ တွေကို ရှေ့ လျှောက် ဆင်ခြင်သွားကြပါလို့ ပြည်တွင်းက ပြည်သူများ ကိုယ်စား အာဏာရှင်ရဲ့ လက်ကိုင်တုတ် အဖြစ်ခံခဲ့တဲ့ အနုပညာရှင်ဆိုသူများကို လေးလေးနက်နက် သတိပေးနေခြင်းသာဖြစ်ပါတယ်။

Comments

ဒါ..ကိုကျော်ဝဏ္စအစစ် ရေးတာ.
Unknown said…
ဟင်း.. ကိုယ်တိုင်တောင် မြန်မာပြည်မှာ မနေရဲလို့၊ (လုပ်ချင်စိတ်ရှိခဲ့တယ်ဆိုရင်တောင်) မြန်မာပြည်မှာ မလုပ်ရဲလို့ အပြင်ထွက်ပြီးလုပ်နေရတဲ့သူတွေက ကိုယ့်ဝါသနာနဲ့ကိုယ် မြန်မာပြည်မှာ ခံနေရတာကို ဝေဖန်ရဲသေးတယ်။ အံ့သြပါရဲ့
ခင်ဗျား လက်လွတ်စပယ် မပြောနဲ့ဗျ။ စကားကို ကြည့်ပြော။ သူတို့က အစိုးရခိုင်းလို့ ရိုက်တယ်။ ကျုပ်တို့ကလည်း အစိုးရခိုင်းသမျှ လုပ်ပြီး ပြည်သူ့မျက်နှာ မထောက်လို့ ဆန္ဒပြတယ်။ ဘာဖြစ်လဲ။

သူတို့ကို အစိုးရက ကျွေးတာလား။ ပြည်သူက ကျွေးနေတာလား။ စဉ်းစားမှပေါ့။

ပြည်သူတွေ ထောင်နဲ့ချီ သေကြေခဲ့တဲ့ အရေးအခင်းတွေကို သေးသိမ် ယုတ်ညံ့အောင် လုပ်ပြစ်တဲ့ ဇာတ်ကားမှာ ပြည်သူကျွေးတာ စားနေတဲ့ အနုပညာရှင်က ပြန်အသုံးတော် ခံတယ် ဆိုတာ ကျွေးတဲ့လက်ကို ပြန်ကိုက်တာပဲဗျ။

အဲတော့ ငရုတ်သီးနဲ့ပေါင်းရင် ကြက်သွန်ပါ အထောင်းခံရမယ်ဆိုတာ သိသွားအောင်လို့ကို လုပ်တာ။ တော်ကြာ နောင်လာ နောက်သားတွေက ခင်ဗျားတို့ ခုလို သမိုင်းအမှားကြီးနဲ့ ၀ါဒဖြန့်ခဲ့တာကို ဘာလို့ မတုန့်ပြန်တာလဲ။ ငြိမ်ခံခဲ့တာလဲလို့ မေးရင် ကျုပ်တို့ ဖြေစရာ အဖြေမရှိ အဖြစ်မခံနိုင်ဘူးလေ။

နောက်နောင်လည်း ရိုက်ပါဦး ပြည်သူကို ချစ်သော အနုပညာရှင်ကြီးများ ခင်ဗျာ။ ဒီကလည်း ကန့်ကွက် ဆန္ဒပြဖို့ စောင့်နေမယ်နော့်။
Unknown said…
Exiled Politicians,
You guys are keep talking about Kyaw Thu and Zar Ga Nar and compare them with the celebrities who were acting in “Ar Yone Oo” movie. I totally a greet that Kyaw Thu and Zar Ga Nar are heroes and really fighting for our Burmese people. If you compare them with the celebrities acting in “ Ar Yone Oo” movie will be like “ oil an water”.
But what if we compare you guys with Min Ko Naing , Ko Ko Gyi , other student leaders and politicians who live inside Burma and fighting for our Burmese people.
What are you guys doing when these student leaders were fighting for our Burmese people in 2007????
What are you guys doing when our monks fighting for our Burmese people?????
Are anyone of you guys thinking of going back to Burma and support them and join them at that time???
Are anyone of you guys thinking of even going to border area doing political movement and support them from there????
You guys gave so many reasons to stay here (not only you, but also brought families here) and just issue statements and just shout while no one arrest you here.
If we compare you guys with Min Ko Naing and others who live inside Burma and really fighting for Burmese people, you guys are no different than the celebrities who acted in “ Ar Yone Oo” movie.
I am not blaming you for this. I can understand that you guys are afraid of arrested by military government and cannot go back to Burma because of this. Some more I support your political movements here and fighting against military government from here in anyway. But no matter what you guys cannot and dare not go back Burma. The same apply to the celebrities who acted in “Ar Yone Oo” movie.
I am not protecting them and get nothing from them. But I just want you guys to keep some considerations for those celebrities for where they live and who they dealing with. You all knew what happened to Nyi Gyaw and other three celebrities who helped Kyaw Thu. We all can see from that event, how difficult for celebrities to live under this military government.
If you guys want to protest the celebtities who act in government’s policu movies, even Kyaw Thu was act in “ Hla Lay Sein” movie. Daw Mar Mar Aye, May Sweet, Mi Mi Win Phay, Ya Da Nar Oo, Ni Ni Win Shwe, Cho Pyone,……. Almost everybody who live here were sung and acted in government’s policy movies. Why now???? Why only now???????
Unknown said…
You guys trying to compare lives of prisoners with the life of celebrity here when protest.
Everybody here knew all those political prisoners how they sacrificed and separated from their families and their love ones. Everybody felt sorry for them.
But it is totally different issue that comparing those prisoners lives and the celebrity life.
You guys are keep on telling that all these protests are not intended for personal attack. If this is not personal attack why are you guys holding some posters that mentioned personal and why are you guys want to cancel all these concerts. Not only here, but also in other countries. Why are you guys want all these celebrities to get bar from getting Visa to other countries??? You guys also try to stop the celebration party for celebrities in Las Vegas. If you are not attacking personally, all these things shouldn’t be happened.
No one blame you and argued with you guys if you guys are protesting against military government, “Ar Yone Oo” movie and their policy. I support non personal protest. Everybody would have support you. But your guys are attacking celebrities and the worse thing is you guys are attacking audience who are watching these music concerts.
The innocent people went there and watch just concert. They were not there to watch “ Ar Yone Oo” movie. They were not there to support the military government. And also Wine Su Khine Thein was not there to sing policy songs.
But you guys name all the audience Than Shwe’s Friends. And also criticized the audience like “ myat na pyaung tite”. This is totally unacceptable.
I have asked some the protesters from previous protest that why are you guys doing this.
You know what; they are telling me that they are doing this because other politicians in other states and other countries were doing this. If they don’t do this protest, they will get blame by other politicians. I want you to check within your group that if they really want to do this or not.
And I don’t understand why you guys are trying so hard to do this protest about this music concert.
There is third Anniversary of Saffron Revaluation within this month and I never heard of you guys are planning for this protest.
Shouldn’t we concentrate more on this Saffron Revaluation????
I think you guys are doing this protest based on your emotion for the prisoners inside Burma and heading to a wrong direction at this time.
I want you to succeed and everybody want you guys to succeed.
Let me make myself clear about this comment again,
I support non personal protest and I support protest against “ Ar Yone Oo “ movie 100%.
I agree with LuMann as he says the right things which most peope do not discuss.