Rgn snapshots on September 22, 2010 Get link Facebook X Pinterest Email Other Apps ဖြတ်ခနဲ ရန်ကုန်ဓာတ်ပုံသတင်း (AP photos)စက်တင်ဘာ ၂၂၊ ၂၀၁ဝ မင်္ဂလာဝတ်စုံ ဖက်ရှင်ပြပွဲ မြင်ကွင်းများ သန်လျင်မှ လမ်းဘေးဈေးသည်များ၊ ခရီးသည် စောင့်သူ ဆိုက်ကားသမားများ သန်လျင်မှ လမ်းဘေးဈေးသည်များရေသည် ဈေးသည် ၂ ဦး မဲပေးနိုင်သူ စာရင်းမှ အမည်တို့ကို ဖတ်ရှုနေသူများ Comments Unknown said… ဒီတခါ ဓါတ်ပုံ သတင်းက ကိုယ့်ကို အတော်ဖမ်းစားတယ်။ comment ပေးချင်စိတ်ကတားမရဘူး။ ဓါတ်ပုံသတင်း ကပေးချင်တဲ့ message က အထက်အောက် အလွှာဘယ်လောက်မညီမမျှ ဖြစ်နေပါကြောင်းမီးမောင်းထိုးပြချင်နေတာဖြစ်ရင်ဖြစ်မယ်၊ ကိုယ်ကတော့ ကိုယ့်အထင်လေးဘဲ ပြောဖို့ စိတ်ကူးတာပါ။အင်မတန် ခန့်ညားလှပတဲ့၊ တောက်ပလင်းလက်တဲ့၊ ရတနာစုံ စီချယ်ထားတဲ့ မြန်မာဆန်ဆန် ဘိုဆန်ဆန် မင်္ဂလာစုံတွဲလေး လေးများ။ သူတို့ ဒိလိုလှဖို့ ကုန်ကျမဲ့ ငွေကြေးကို ကိုယ်မမှန်းဆတတ်။ အထက်လွှာ ခရင်(မ်) လူတန်းစားများသာ သုံးစွဲနိုင်မှာကသေချာ။ မျက်စေ့အေးအေးလေးနဲ့ အရသာခံပြီး ကြည့်လာတယ်။ တပုံပြိးတပုံ၊ တတန်းပြီးတတန်း.. အဆင်ပြေပြေ.. ဟန်ကျပန်ကျ…။အဲ.. လေးတန်းမြောက်တော့ ကိုယ့် ဖီးလ်ကအောက်စပြုပါရော..။ တကတည်းဗျာ “သန်လျင်မှ လမ်းဘေးဈေးသည်များ၊ ခရီးသည် စောင့်သူ ဆိုက်ကားသမားများ” တဲ့။ ဈေးသည်ကြည့်တော့လဲ ၀ယ်သူမရှိ၊ ဆိုက်ကားလဲ ငှားနေသူမမြင်၊ ငေါင်းစင်းစင်းနဲ့ လူတွေကြည့်တော့လဲ တက်တက်ကြွကြွမရှိ။ စိးပွားရေး အဆင်မပြေ ကြဘူးထင်တယ်။ ဆိုက်ကားဆရာတွေကြည့်လိုက် တွေတွေဝေေ၀။ ညနေအိမ်အပြန် ငွေမရရင်ဖြင့် အခြေလှမယ်မထင် လို့များတွေးနေကြသလား….ကဲပါ.. ဆက်ကြည့်ဦးမှပါ..။ အမယ် နောက်တတန်းကတော့ ဈေးဝယ်သူလေးခတ်ကြဲကြဲနဲ့ “သန်လျင်မှ လမ်းဘေးဈေးသည်များ” တဲ့။ သို့သော်မြင်ရတာက..၀ယ်သူကြည့်လဲ မကြည်မလင်.. ရောင်းသူကလဲ မပျော်မရွှင်… အဲသလို.. သတိထားမိလာတယ်။ အင်း.. စိတ်ညစ်လာပြီနော် ..။ဟိုက်ရှာလဘတ်ရည်… ရေသည် တဲ့ဗျာ.. ဒီအချိန် ရေရောင်းစရာလားလို့ စက်တင်ဘာလကြီးထဲမှာများ..။ အမယ် … ၀ယ်သူရှိ ပါသော်ကော…။ ဟုတ်တယ်.. ဒါအမှန်ဘဲ.. ကြည့်ဦး.. မိုးတွင်းကြီးပေမဲ့ ကိုယ်တို့ဖက်မှာ ဂျိုးဖြူရေလာဘူးလေ။ ရေတွန်းစက်ပျက်သတဲ့ စည်ပင်က။ ဒါပေမဲ့ ရေဖိုးတော့ ပုံမှန်ဘဲ လာတောင်းလေရဲ့။ ပေးနေရတာပြောပါတယ်။ မြို့တော်ဝန်က ဒါနဲ့များသူ့ကို မဲပေးစေချင်နေသေးတဲ့ ဝေးပါ့..၊ ဟွင်း..ဟွင်း.. ရေတောင်မှန်အောင်မပေးနိုင်တဲ့သူများ မဲပေးရဦးမှာလား ... ထွမ်…။အင်း.. ဒေါသသာဖြစ်နေတာ မျက်စေ့ကတော့ အောက်ကိုဆက်ဆင်းပြိး ကြည့်မိပြန်တယ်..။ အဟက်ဟက် .. ငါးသည်တွေ ဘာလုပ်နေတာလဲ.. ရောင်းမကုန်တဲ့ ငါးဗန်းတွေရှေ့ထားပြီးလေ.. မကြည်မရွှင် မျက်စောင်း တငင်ငင် နဲ့.. အား…တွေ့ပြီ.. မဲစာရင်းကြည့်နေသူတွေဆီမှာကိုး။ ကိုယ်ကတော့ သူတို့ကိုကြည့်လိုက် အောက်က မဲစာရင်းကြည့်နေသူတွေကို ကြည့်လိုက်နဲ့ နားထဲတခုခုကြားလိုက်သလိုဘဲ.. ဟယ်.. ဈေးသည်နှစ်ယောက် စကားပြောနေသံ ပါလား …..မှန်း…“ဒီလောက် တပြည်ထောင်လုံးပျက်စီးအောင်ဦးဆောင် နေတဲ့အစိုးရရဲ့ လက်ကိုင်ဒုတ်တွေ.. လွှမ်းမိုးမဲ့ ရွေးကောက်ပွဲများ.. ဘာစိတ်ဝင်စားစရာရှိလို့.. မဲထည့်ဖို့ စဉ်းစားနေကြသလဲမသိ.. အံ့ပါဘိတော်.. စာရင်းများကြည့်နေ၇တယ်လို့.. အားအားယားယား.. ဟိတ်.. သူငယ်ချင်း.. ငါတော့မဲမပေးဘူး နော့..ညည်းကော..။” “ပြောစရာလားအေ.. မပေးရေးချထဲက မဲမပေး..ဟေ့..သဘောပေါက်ပြီးသား…တို့အားလုံးက..”(ကေရာဝတီ)
Comments
အင်မတန် ခန့်ညားလှပတဲ့၊ တောက်ပလင်းလက်တဲ့၊ ရတနာစုံ စီချယ်ထားတဲ့ မြန်မာဆန်ဆန် ဘိုဆန်ဆန် မင်္ဂလာစုံတွဲလေး လေးများ။ သူတို့ ဒိလိုလှဖို့ ကုန်ကျမဲ့ ငွေကြေးကို ကိုယ်မမှန်းဆတတ်။ အထက်လွှာ ခရင်(မ်) လူတန်းစားများသာ သုံးစွဲနိုင်မှာကသေချာ။ မျက်စေ့အေးအေးလေးနဲ့ အရသာခံပြီး ကြည့်လာတယ်။ တပုံပြိးတပုံ၊ တတန်းပြီးတတန်း.. အဆင်ပြေပြေ.. ဟန်ကျပန်ကျ…။
အဲ.. လေးတန်းမြောက်တော့ ကိုယ့် ဖီးလ်ကအောက်စပြုပါရော..။ တကတည်းဗျာ “သန်လျင်မှ လမ်းဘေးဈေးသည်များ၊ ခရီးသည် စောင့်သူ ဆိုက်ကားသမားများ” တဲ့။ ဈေးသည်ကြည့်တော့လဲ ၀ယ်သူမရှိ၊ ဆိုက်ကားလဲ ငှားနေသူမမြင်၊ ငေါင်းစင်းစင်းနဲ့ လူတွေကြည့်တော့လဲ တက်တက်ကြွကြွမရှိ။ စိးပွားရေး အဆင်မပြေ ကြဘူးထင်တယ်။ ဆိုက်ကားဆရာတွေကြည့်လိုက် တွေတွေဝေေ၀။ ညနေအိမ်အပြန် ငွေမရရင်ဖြင့် အခြေလှမယ်မထင် လို့များတွေးနေကြသလား….
ကဲပါ.. ဆက်ကြည့်ဦးမှပါ..။ အမယ် နောက်တတန်းကတော့ ဈေးဝယ်သူလေးခတ်ကြဲကြဲနဲ့ “သန်လျင်မှ လမ်းဘေးဈေးသည်များ” တဲ့။ သို့သော်မြင်ရတာက..၀ယ်သူကြည့်လဲ မကြည်မလင်.. ရောင်းသူကလဲ မပျော်မရွှင်… အဲသလို.. သတိထားမိလာတယ်။ အင်း.. စိတ်ညစ်လာပြီနော် ..။
ဟိုက်ရှာလဘတ်ရည်… ရေသည် တဲ့ဗျာ.. ဒီအချိန် ရေရောင်းစရာလားလို့ စက်တင်ဘာလကြီးထဲမှာများ..။ အမယ် … ၀ယ်သူရှိ ပါသော်ကော…။ ဟုတ်တယ်.. ဒါအမှန်ဘဲ.. ကြည့်ဦး.. မိုးတွင်းကြီးပေမဲ့ ကိုယ်တို့ဖက်မှာ ဂျိုးဖြူရေလာဘူးလေ။ ရေတွန်းစက်ပျက်သတဲ့ စည်ပင်က။ ဒါပေမဲ့ ရေဖိုးတော့ ပုံမှန်ဘဲ လာတောင်းလေရဲ့။ ပေးနေရတာပြောပါတယ်။ မြို့တော်ဝန်က ဒါနဲ့များသူ့ကို မဲပေးစေချင်နေသေးတဲ့ ဝေးပါ့..၊ ဟွင်း..ဟွင်း.. ရေတောင်မှန်အောင်မပေးနိုင်တဲ့သူများ မဲပေးရဦးမှာလား ... ထွမ်…။
အင်း.. ဒေါသသာဖြစ်နေတာ မျက်စေ့ကတော့ အောက်ကိုဆက်ဆင်းပြိး ကြည့်မိပြန်တယ်..။ အဟက်ဟက် .. ငါးသည်တွေ ဘာလုပ်နေတာလဲ.. ရောင်းမကုန်တဲ့ ငါးဗန်းတွေရှေ့ထားပြီးလေ.. မကြည်မရွှင် မျက်စောင်း တငင်ငင် နဲ့.. အား…တွေ့ပြီ.. မဲစာရင်းကြည့်နေသူတွေဆီမှာကိုး။ ကိုယ်ကတော့ သူတို့ကိုကြည့်လိုက် အောက်က မဲစာရင်းကြည့်နေသူတွေကို ကြည့်လိုက်နဲ့ နားထဲတခုခုကြားလိုက်သလိုဘဲ.. ဟယ်.. ဈေးသည်နှစ်ယောက် စကားပြောနေသံ ပါလား …..မှန်း…
“ဒီလောက် တပြည်ထောင်လုံးပျက်စီးအောင်ဦးဆောင် နေတဲ့အစိုးရရဲ့ လက်ကိုင်ဒုတ်တွေ.. လွှမ်းမိုးမဲ့ ရွေးကောက်ပွဲများ.. ဘာစိတ်ဝင်စားစရာရှိလို့.. မဲထည့်ဖို့ စဉ်းစားနေကြသလဲမသိ.. အံ့ပါဘိတော်.. စာရင်းများကြည့်နေ၇တယ်လို့.. အားအားယားယား.. ဟိတ်.. သူငယ်ချင်း.. ငါတော့မဲမပေးဘူး နော့..ညည်းကော..။”
“ပြောစရာလားအေ.. မပေးရေးချထဲက မဲမပေး..ဟေ့..သဘောပေါက်ပြီးသား…တို့အားလုံးက..”
(ကေရာဝတီ)