Burmese Artist Khin Maung Yin turns 72 with Art Exhibit



ပန်းချီဆရာကြီး ဦးခင်မောင်ရင် ၇၂ နှစ်ပြည့် ပန်းချီပြပွဲ ကျင်းပ
တာရာဝေယံ
ဒီဇင်ဘာ ၁၊ ၂၀၁၀
          ဆရာဦးခင်မောင်ရင်ရဲ့ အသက် ၇၂ နှစ်မြောက် မွေးနေ့ ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုမီနီယမ်မှာ ရှိတဲ့ မိုးခ (More Kha) ပန်းချီပြခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ပြပွဲကို နိုဝင်ဘာ ၂၉ မှ ဒီဇင်ဘာ ၅ အထိ ပြသထားမှာ ဖြစ်ပါတယ်။
 


          ပြပွဲဖွင့်ပွဲကို နိုဝင်ဘာ ၂၈ ညနေ ၄ နာရီက ၆ နာရီအထိ ကျင်းပခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဆရာဆန်နီညိမ်းက ဆောက်ရွက်ကာ ဆရာဦးခင်မောင်ရင်ရဲ့ မိတ်ဆွေများဖြစ်တဲ့ စန္ဒယားဦးသိမ်းမောင်၊ ဆရာမောင်မိုးသူ၊ ဆရာစန်းမြင့်တို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပါတယ်။
 
          ဆရာဦးခင်မောင်ရင်ဟာ မြန်မာပန်းချီခေတ်ကို ဆန်းသစ်စေသူ၊  ခေတ်သစ်ပန်းချီကျော်တဦး ဖြစ်ပြီး ရိုးရှင်းသော ဟန်နဲ့ အရောင်ပြင်း ဟုတ်ချက်များကို လွတ်လပ်စွာ ဖန်တီးရေးဆွဲလေ့ရှိသူ တဦးဖြစ်ပါတယ်။
 
          မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူအများအပြားကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာတဦးလည်း ဖြစ်ပါတယ်။











(ဓာတ်ပုံများ - နို၂၈၊ ၂၀၁၀၊ ခင်မောင်ရင် ၇၂ ပန်းချီပြပွဲ မြင်ကွင်း၊ တက်ရောက်သူများ၊ ပန်းချီကားများ (တာရာဝေယံ))

Comments