နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
နိုဝင်ဘာ ၂၈၊ ၂၀၁၀
နိုဝင်ဘာ ၂၈၊ ၂၀၁၀
တိုင်းရင်းသား ပရဟိတ မျိုးဆက်သစ်ခေါင်းဆောင်များ

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင် နှင့် အလုပ်အမှုဆောင်များမှ လိုက်လံရှင်းလင်းပြသကာ လူမှုရေးလုပ်ငန်းဆိုရာ၌ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ကြောင်း၊ ပရဟိတလုပ်ငန်းဟူသည် မိမိကိုယ်ကျိုး အတွက် အမြတ်ထုတ်ခြင်းကင်း၍ မိမိပတ်ဝန်းကျင်မှ လူအများ၏ အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး တိုင်းရင်းသား ပရဟိတ လူငယ်များမှ မသိသည်များကို မေးမြန်းခြင်းတို့ကို ပြန်လည် ဖြေကြားပြောဆိုခဲ့ပါသည်။
၉ ကြိမ်မြောက် ဆံသကုသိုလ်
ထိုကဲ့သို့ ဆံသပညာရှင် ကိုဂျွန်ဆင် ဦးစီးသော ဆံသပညာရှင်များသည် မိမိတို့ အလုပ်အားလပ်သည့်အချိန်တိုင်း လာရောက်ကုသိုလ်ဖြစ် ထမ်းဆောင်ပေးသည်မှာ ၉ ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ဤသို့ ဆံသပညာရပ်ဖြင့် ကုသိုလ်ယူခြင်းသည် လူသားတို့၏ တကိုယ်ရေ သန့်ရှင်းခြင်းအတွက် အဓိကဖြစ်သောကြောင့် ကုသိုလ် အကျိုးတရားများစွာ ရရှိမည်ဖြစ်ပါတော့သည်။
ပုံပြင်ရိုးရိုးကလေးတပုဒ် မှ ဂန္တဝင်မှတ်တိုင်တခုသို့
အနော်မာ ၃ လမ်း၊ ၁၃ ရပ်ကွက်၊ တောင်ဥက္ကလာနေ ကွယ်လွန်သူ ဒေါ်အုံးမြင့် အသက် ၈၂ နှစ်၏ ရုပ်ခန္ဓာအား ကိုထက်နေလင်းဦး နှင့် ဇနီး မကြည်သာအေးချမ်း တို့ ဇနီးမောင်နှံသည် ကိုယ်တိုင်ကိုယ်ကျ နိဗ္ဗာန်ယာဉ်ပေါ်သို့ သယ်ပိုးကာ ရေဝေး သုဿန်သို့ မောင်းနှင်ပြီး သင်္ဂြိုဟ်ပေးခဲ့ပါသည်။
ကိုထက်နေလင်းဦး နှင့် ဇနီး မကြည်သာအေးချမ်း တို့ဇနီးမောင်နှံသည် နိုဝင်ဘာ ၂၆ ရက် သောကြာနေ့ ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာပွဲအခမ်းအနား ပြီးစီးသွားပြီး သည့်နောက် ၂၉. ၁၁. ၂၀၁၀ (တနင်္လာနေ့) မင်းကွန်းတိပိဋက ကျောင်းတိုက်၌ မင်္ဂလာဆွမ်းကျွေး အခမ်းအနားရှိသော်ငြားလည်း ယနေ့ ၂၇. ၁၁. ၂၀၁၀ (စနေနေ့)တွင် မအားမလပ်သည့်ကြားမှ ကုသိုလ်ရေးကိစ္စကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးဆပ် သွားခြင်းသည် မင်္ဂလာဆွမ်းကျွေးဖိတ်စာတွင် ရိုက်နှိပ်ထားသော ပုံပြင်ရိုးရိုးလေးတပုဒ်မှ ဂန္တဝင်မှတ်တိုင်တခု စိုက်ထူခဲ့နိုင်ပြီ ဖြစ်ပါသည်။
Comments