ဗေဒင်၊ အမှားပြင်ဆင်ချက်၊ ကုမ္ပဏီ
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၉၊ ၂၀၁၀
အင်္ဂါနေ့ ရက်စွဲနဲ့ ထုတ်တဲ့ စောင့်ကြည့် (News Watch) သတင်းဂျာနယ်ကို ၀ယ်ဖတ်မိတယ်။ ဂျာနယ်ထဲ ပါတဲ့ တချို့ကို မျှဝေလိုက်ပါတယ်။

ကုန်မနီ လို့ မြန်မာဆန်ဆန် ဖတ်စေ
ကုမ္ပဏီ (company) ဆိုတာ ရန်ကုန်မှာ ခလုတ်တိုက်မိရလောက်အောင် ပေါနေပါပြီ။ ဒီစကားလုံးက မွေးစား စကားလုံးပါ။ ဒါကို ဘိုရူး တချို့က ကန်ပနီ လို့ အသံထွက်ကြတယ်။ အဲဒီအကြောင်းကို ဟောဒီမှာ ရေးထားပါတယ်။

လိုတိုရှင်း လူထုစိန်ဝင်း
လူထုစိန်ဝင်းရဲ့ ဆောင်းပါးက မတူတာတွေကို သည်းခံပြီး လက်တွဲကြဖို့ တိုက်တွန်းထားတာပါ။ တထိုင်ထဲ ဖတ်ရလောက်အောင် ခပ်တိုတို ရေးထားတာကြောင့် ဖတ်သင့်ပါတယ်။ ဂျာနယ်ဆိုင်ရှေ့ရောက်ရင် သုံးလေးစောင်လောက်ဝယ်၊ ဖတ်စရာတွေက တထပ်ကြီး ဖြစ်နေရော။ အချိန်က နည်း၊ ဖတ်စရာက များ တဲ့ ခေတ်ဆိုတော့ လိုရင်းကို တိုတို ရှင်းရှင်း ရေးတဲ့ ဆောင်းပါးတွေကို ပိုပြီး ဖတ်ဖြစ်ကြမယ် ထင်ပါတယ်။
နာမည်ကျော် သတင်းစာဆရာ လူထုစိန်ဝင်းရဲ့ စာတွေ မဖတ်ဖူးသူတွေအတွက်၊ ပြီးတော့ သူ့ရဲ့ ပရိသတ် နဲ့ စာ အစုံဖတ်တဲ့ ပရိသတ်များအတွက် ထည့်ပေးလိုက်ပါတယ်။

အသက် ၆၀ ကျော်နေပေမယ့် အဆိုတော်ကြီး နွဲ့ယဉ်ဝင်းက ဂီတ ကို မပြတ် လေ့လာနေတုန်းပါပဲ တဲ့။
အဆိုတော် ခြေတက်တွေအတွက် သူ့သဘောထားလေးတွေ ဖတ်ရပါမယ်။ သူ့စိတ်ရင်းအမှန်ဆိုရင်.. ကြည်နူးစရာ မုဒိတာ စကားလေးတွေပေါ့..။ ဖြစ်သင့်တာလေးတွေလဲ အနည်းအပါး ထည့်ပြောသွားလေသေး။

လာပြန်ပြီ.. နန်းဆုရတီစိုး..
မပြီးဆုံးနိုင်တဲ့ ဘော်ဒီဂတ် မာရသွန် ရှင်းတမ်းရှည်နဲ့။ ဟိုဂျာနယ်ကို ပြောလိုက် ဒီ ဂျာနယ်ကိုပြောလိုက်နဲ့.. သူ့ခမြာ ပိုက်ပိုက် တော်တော် ကုန်ရှာမယ်..။ အဟိ.. ဘာမှ စိတ်ဝင်စားစရာ မရှိတော့တဲ့ သတင်းကို ပါပြီးရင်း ပါရင်း ဖြစ်အောင် .. ကြံရ ဖန်ရ တာလဲ ပင်ပန်းသားနော့..။ အမယ် ဓါတ်ပုံ လှလှလေးနဲ့ကွဲ့။ ဂျာနယ်ထဲမှာ လေ..။ သနားပါတယ်..။
အမှားပြင်ဆင်ချက်
ဟိုနေ့က ကားတွေ နေပြည်တော်လမ်း မှာ မှောက်တာတွေနဲ့ ပတ်သက်တဲ့ သတင်းဘဲလေ..။ ခု စောင့်ကြည့် က ဂျာနယ်တွေ ယာဉ်တိမ်းမှောက်မှုသတင်းကို အမှားမှားအယွင်းယွင်း ဖေါ်ပြလို့ ကာယကံရှင် မိသားစု စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းရေးလာပြန်တယ်..။ သေသူတွေရဲ့ပုံတွေနဲ့ ဝေေ၀ဆာဆာပါဘဲ။

ဒါတွေကျတော့ အကာအကွယ် မဲ့သကိုး..။ မှားရေးလဲ အဖမ်းတော့မခံရ.. သိတ်ထက်တဲ့သူနဲ့ တွေ့ရင် ခတ်ပါးပါးလေး တောင်းပန်လိုက်ယုံနဲ့ ပြီးသကိုး..။
ဝမ့်စွေ ၀မ့်စွေ့ ၀မ့်ဝမ့်စွေ့
အသိတယောက်နဲ့ စကားပြောရင်း တို့တိုင်းပြည်လဲ တဖြည်းဖြည်း ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်လာနေပြီလို ညည်းမိတယ်..။ သူက ဘာပြောလဲသိလား.. မင်း.. ကြည့်လိုက်.. ဂျာနယ်တွေမှာ သတင်းစာမှာ တရုတ်စာ သင်တန်းတွေ တနေ့တခြားများလာတာတွေ့ရမယ် တဲ့..။ ဒါနဲ့ သတိ ထားကြည့်လိုက်တော့.. ဟုတ်ပါ့.. အင်္ဂလိပ်စာ သင်တန်းတွေထက်တောင် လက်စောင်းထက်သေး.. ဟေးဟေး..။ ကိုင်း.. မြည်းရအောင် နမူနာ ကြော်ငြာ တခု ထည့်ပေးလိုက်တာ..။

ဟိုနေ့က 7day News ဂျာနယ် ကာတွန်းတွေထဲက တကွက်ကို အတိအကျ ဖေါ်ညွှန်းတဲ့ ကြော်ငြာ ပါပဲ။ အမျိုးသမီးသီးသန့် လက္ခဏာ ဗေဒင် ဟောခန်း တဲ့။ အောင်မယ်လေး.. ဗေဒင်ကြော်ငြာတွေ များမှများ..။ ဒီခေတ် မြန်မာပြည်က အမျိုးသမီးတွေ ချစ်ရေး မညီကြတာများ ပြောပါတယ်။ တခါတလေ.. ဂျာနယ် တစောင်ထဲမှာ.. မူမတူ ဆရာကွဲ ကြော်ငြာ ၃ - ၄ ခု ပါလားပါရဲ့..။ ဗေဒင်ကြော်ငြာဘေးမှာ ထည့်သင့်တဲ့ ကြော်ငြာထဲမှာ မှန်ဘောင် ဆိုင် ကြော်ငြာလည်း ပါမယ် ထင်တယ်နော်။

စိတ်ဝင်စားဖို့တော့ ကောင်းသား.. ကြီးလိုက်တဲ့ အတွင်းခံ.. ဂေါ်ဇီလာဆိုက်ကြီးဗျား..။ ဒါတွေကို ဘယ်သူတွေ ၀ယ်မှာလဲ၊ မွဲဆေးဖော်တာလားလို့ မထင်လိုက်နဲ့အုံး။ ရောင်းမလောက် ဆိုပဲ။ နောက်တပုဒ်ကတော့ ခွေး အလုပ်လက်မဲ့တွေ အကြောင်းကို ပြောချင်တာနဲ့ တူပါရဲ့နော်.. ဒစ်ဂျစ်တယ်ခွေး တဲ့.. အံ့ပါရဲ့..။
နိုင်ငံရပ်ခြားသတင်းတွေ ထည့်ပေးလိုက်တာက ဒီမှာ ရှိတဲ့ လူဦးရေ အများစုကြီး အတွက် အင်တာနက် ဆိုတာ မမီတဲ့ပန်းလေး တပွင့် ဖြစ်နေဆဲဘဲ ဆိုတာကို သိစေချင်လို့ပါ..။


Comments