မော်လမြိုင်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦး ကွယ်လွန်
မိုးမခအထောက်တော် ရန်ကုန်
ဒီဇင်ဘာ ၁၄၊ ၂၀၁၀
၁၉၉၉ ခုနှစ် ကိုးလေးလုံး လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ပြီး ပုဒ်မ ၅ ည နဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အရှင်နေမိန္ဒ (ခ) ဦးမျိုးမင်း (ခ) ဦးနေ၀င်း ဟာ တကိုယ်လုံး အနာများ ဖြစ်ပေါ်ပြီး ဆေးကုသမှု လုံလောက်စွာ မရတဲ့အတွက် ဒီဇင်ဘာ ၈ ရက် နေ့က ကွယ်လွန်ခဲ့ပြီး၊ ဒီဇင်ဘာ ၉ ရက်မှာ မော်လမြိုင်မှာ သင်းဂြိုဟ်ပြီးစီးပြီ ဖြစ်ကြောင်း အခြားနိုင်ငံရေးအကျဉ်းသားများထံ ထောင်ဝင်စာသွားတွေ့တဲ့ မိသားစုများရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။
ဦးဇင်း နေမိန္ဒ (ခ) ဦးမျိုးမင်း (ခ) ဦးနေ၀င်း ဟာ ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ်၊ တာဝ ရေတံခါးအနီး၊ တံခွန်တိုင်ကျေးရွာမှ ဖြစ်ပါတယ်။ မိသားစုနဲ့ ဆွေမျိုးသားချင်းများက ထောင်ဝင်စာတွေ့ဖို့ အခက်အခဲရှိကြကြောင်း သိရပါတယ်။ ဦးဇင်းမှာ ဆီးချိုရောဂါအခံရှိပြီး ထောင်တွင်း မသန့်ရှင်းမှုများကြောင့် ဖြစ်ပွားတဲ့ ယားနာ၊ ၀ဲများမှတဆ င့် လုံလောက်တဲ့ ဆေးဝါးများ၊ ကုသမှုများ မရတဲ့အတွက် အနာများ ဆိုးဝါးပြီး သေဆုံးရတယ်လို့ ဆိုပါတယ်။
ဘ၀တူအကျဉ်းသားများက ၀ိုင်းဝန်းစောင့်ရှောက်ကြပေမယ့်လည်း ထောင်အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေက ဂရုမစိုက်ခြင်း၊ အပြင်ဆေးရုံသို့ ထုတ်ပြီး ကုမပေးခြင်းအပြင် အင်းစိန်ထောင်သို့ ပြောင်းေ၇ွှ့ ဆေးကုသရန်ကို လစ်လျူရှုထားခဲ့ကြပါတယ်။
မော်လမြိုင်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၉ ဦး ရှိပြီး ၎င်းတို့မှာလည်း အသီးသီးကျန်းမာရေး ချို့ယွင်းနေကြတဲ့အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ကျန်းမာရေးကို ဂရုစိုက်ပြီး နေကြရတယ်လို့ သိရှိရပါတယ်။
Comments