K -The Age Poem

ခေတ်
ကေ
ဇန်န၀ါရီ ၂၁၊ ၂၀၁၁

ခေတ်က သတင်းပေးတယ်
သတင်းစာတွေ ရောင်းမကောင်း တော့တဲ့ အကြောင်း..
ခေတ်က..အတင်းပြောတယ်.. ( မဲ့မဲ့ရွဲ့ရွဲ့ နဲ့)
အရင်ခေတ်ကြီးက..ဟောင်းသွားပြီတဲ့..

ဒါပေမဲ့..ခေတ်က <> ထရန်စ ပဲရန်စီ တော့ ရှိ ပါ တယ်
လမ်းပေါ်က..ကောင်မလေး တွေ ရဲ့..အ၀တ်တွေ ပါး..ပါး လာ သလိုမျိုး..
ခေတ်က..ဘာမှကို ဖုံးကွယ် မ ထား တော့ဘူး..
အဲဒီ ကောင်မလေး တွေ လို ပါ ပဲ …
ခေတ်က အရှက်ပြေ တော့ ပြော တယ်..
လူမူရေး ပေါ့ကွာ..မကင်းရာ..မကင်းကြောင်း ဆိုရှယ် နတ်ဝက်ကင်း တာ

အင်း..ခေတ်က လှည့်စားလိုက်ပုံ..
ကိုယ့်ကို ကိုယ် တောင် မယုံ နိုင်အောင်..
ခေတ် ကို က.. နု ပျို လာ တာပါ..
အသက် တရာ မှ..ဘ၀ စ ကြ တော့ မှာ ..

ခေတ်က..စွမ်းဆောင်ရည် တွေ မြင့်နေ လွန်းလို့တဲ့..
စွမ်းရည်မြှင့် သင်တန်းတွေ နဲ့ ပြန်ဆွဲချ နေ ကြ ရ ပုံ ..
ဘယ်လောက်တောင် စွမ်းရည်တွေ မြင့်သလဲ ဆို..
ခေတ်က.. ပါးစပ်မဟ ပဲ.. စကား ပြောလို့ ရတယ်
လက်မလှုပ်ပဲ.. အလုပ်လုပ် ပြ တယ်
စုတ်တံ မပါပဲ..ပန်းချီဆွဲတယ်
စာရွက် မလိုပဲ..စာရေး တယ်..

ပြီးတော့..
ခေတ်က ပို့စ် မော်ဒန် ဆန်တာများ
နှလုံးသား မပါပဲ ..ချစ်ကြ သတဲ့..
လူမပါ ပဲ တောင်.. (အဲ ).. သိ … သိ ကြတယ်..

တဆိတ်.. ခေတ်က..ဖောင်းပွ လွန်းပါတယ် ..
ခင်ဗျား မှာ.. မိတ်ဆွေ..၅,၁၆၆ ယောက် ရှိတယ် ဆိုတာ
မှတ်ရ လွယ် အောင် ၅,၀၀၀  ဆိုပါတော့..
ဒါမှ မဟုတ်.. သုည တလုံး တိုး မလား.. လျှော့ မလား
ခေတ်က..အဆင်ပြေအောင် ညှိလို့ ရတယ်
သုည လေး လုံး လောက် ခရက်ဒစ် ကဒ် နဲ့ ၀ယ်ထားနိုင် ရင်..
ဝိ .. နှစ်စုံ လောက်တော့..အပျော့ပေါ့..
“၀” ရှိ ဖို့ တောင်..မလိုလှ ဘူး..

(အဲဒီလိုမျိုး) ခေတ်က..လူတန်းစား မခွဲခြား တော့ တာ ..
မင်္ဂလာဆောင်ရင်.. တနိုင်ငံလုံး ကြည့် လို့ ရတဲ့ အဖြစ်
ဒါကိုက.. ခေတ်ရဲ့ ..ရွှေ့ပြောင်းနေထိုင်မူ ပုံစံသစ် တဲ့..
ဆန်ည်ရှင်း ကို စီး ပြီး မီလန် မှာ ဈေး ၀ယ်
ရဖျူးဂျီ စတေတပ်စ် နဲ့.. ဘစ်စနက်စ် ကလပ်စ် ပေါ်တက်
ဟိုက်ပါသက်သစ် ဘီ …က .. ဆိုက်ရောက် ဗီဇာ
အေအိုင်ဒီအက်စ် ဆို.. ရွာပြန်ဖို့ လက်မှတ်...

ဂလိုဘယ်..လိုကယ်..ဆိုရှယ်.. မိုတယ်..
ဒီမို..ဟိုမို..နန်နို..တက်နို..

ဘာသာ စကား တွေ တတ် နေ တဲ့..ခေတ်..
ဝမ်ဆွေ့..၀မ်ဆွေ့..၀မ်ဝမ် ဆွေ့..
အညာဆေယော်… နဲ့ ယဉ်ကျေးတဲ့ ခေတ်

ဂျီဒီပီ ထဲက.. အန်ဂျီအို နှုတ်..
တစ် မနှုတ် လောက်.. တသန်း ချီး ( ချေး)
အတွက်အချက် ကောင်းတဲ့ ခေတ်

ညူကလီးယား နဲ့.. တာဝေးပစ်
ခေတ်မီမီ ကမ္ဘာကြည့် ကြည့် မြင် တဲ့ ခေတ်
ခေတ်ဝန် ကို ထမ်း၍ ခေတ်လမ်းကို လျှောက်တဲ့..ခေတ်
သူ့သမိုင်း သူ ရေး မယ့် ခေတ်
ခေတ်ပျက်တော့ မယ် ဆိုတာတောင်.. အပြုံးမပျက်တဲ့ ခေတ်

ကဲပါလေ.. ခေတ်အကြောင်း..ကောင်း - မကောင်း ပြောမနေ တော့ပါဘူး
ငါတို့ ကိုက.. ခေတ်ပျက်မဲ့ ခေတ် မှ.. ခေတ်ထဲ လိုက် ခဲ့ မိ တာ..။


Kay
16-01-2011

Comments

Unknown said…
ကောင်းပါတယ်..