နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဇန်နဝါရီ ၂၁၊ ၂၀၁၁
ဇန်နဝါရီ ၂၁၊ ၂၀၁၁

ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား
ဂီတပညာရှင်များ သီဆိုပေးထားသော လူမှုရေး၊ ငြိမ်းချမ်းရေး သီချင်းများကို အလှူရှင်များ အတွက် (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာ ယနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) အဆောက်အဦအသစ်ပေါ်တွင် တေးရေး/ဆို ဆောင်းဦးလှိုင် သီဆို တီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိ တေးသီချင်းအား ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။
ပျံသန်းသွား/ကြမယ် မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲ လူသားတို့အတွက် xxx သယ်ဆောင်လာခဲ့ မြင့်မြတ်တဲ့ နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်း xxx ခရီးဆက်လာ/နေမယ်
အမှန်တရားဘက်က ရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန် ခဏ လူ့ဘဝရဲ့နေ့ရက်များ xxx စာနာစိတ်ထား အများအတွက်ကူမယ်
(ငါ့လက်ကိုတွဲ ခွန်အားပေးမယ့် xxx လိုနေတာ ဂရုဏာများနဲ့ မေတ္တာတရားပဲ xxx လောကရဲ့အကျိုး တထောင့်တနေရာကနေ xxx သယ်ဆောင်ကာ ပျံသန်းသွားစို့ လက်တွေတွဲလို့)
မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြု၍ အမှန်တရားနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနေကြသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် လူမှုရေးသမားစစ်စစ်များအတွက် ဤ “ပျံသန်းသွား” တေးသီချင်းသည် မဟာအားဆေး တခွက်ပင် ဖြစ်တော့သည်။ ဆောင်းဦးလှိုင်၏ သီချင်းစာသားထဲကအတိုင်း ကျွန်တော်တို့ လူမှုရေးသမားများ လက်ချင်းတွဲကာ အများပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဖေးမ ကူညီပေးကြရန် လိုအပ်ပေတော့သည်။
တနှစ်ထက် တနှစ်၊ တလထက် တလ၊ တရက်ထက် တရက်၊ တနာရီထက် တနာရီ
နာရေးကူညီမှုအသင်း (ရန်ကုန်) ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ နှစ်သစ်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး လူသားတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နာရေးကိစ္စအဝဝတို့ကို အင်တိုက်အားတိုက် အရှိန်အဟုန်မြင့်စွာဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နိုင်ရန် သင်းလုံးကျွတ် အစည်းအဝေးပွဲ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
ယခု နှစ်သစ် ဇန်နဝါရီလတွင် ကလေးသူငယ်များ၏ ပညာရေးအတွက် အင်္ဂလိပ်စာ အခြေခံ သင်တန်းများ၊ လူငယ်မျိုးဆက်သစ်များအတွက် အဆင့်မြင့် အင်္ဂလိပ်စာ သင်တန်းများ၊ သုခအလင်း စာကြည့်တိုက်မှလည်း စာပေဗဟုသုတများ ရရှိရန်အတွက်လည်းကောင်း၊ သုခကုသိုလ်ဖြစ် ဆေးခန်းမှလည်း အများပြည်သူတို့ လှူဒါန်းထားသော မျက်စိခွဲစိတ်ခန်းသုံး အာရုံကြော စမ်းသပ်သည့် စက်ကိရိယာဖြင့် စတင်ကာ အများပြည်သူတို့၏ မျက်စိဝေဒနာများကို အချိန်တိုအတွင်း ကုသပေးလျှက်ရှိသည်။
မျက်စိခွဲစိပ်ခန်း အဆောင်ကိုလည်း ဖွဲ့စည်းတည်ဆောက်လျှက်ရှိသည်။ ဂျပန်နိုင်ငံမှ မှာယူထားသော ခွဲစိတ်ခန်းသုံး ကိရိယာများ ပြည့်စုံမှုရှိပါက ဧပြီလအတွင်း စတင်၍ ဖွင့်လှစ်ခွဲစိပ်မှုများကို ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။
နာရေးနှင့် ပတ်သက်၍လည်း ၉၆ ပါး ရောဂါဝေဒနာများဖြင့် ဘဝကူးပြောင်းသွားသော ပြည်တွင်းရှိ ၇ ရက် သားသမီးတို့၏ ရုပ်အလောင်းများကို (အခမဲ့) သယ်ဆောင်သင်္ဂြိုဟ်ပေးခြင်းတို့အပြင် နိုင်ငံရပ်ခြား၌ ဆုံးပါးသွားသော ရုပ်အလောင်းများကိုလည်း သယ်ဆောင်သင်္ဂြိုဟ်ပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။
ထို့အပြင် ရဲမှုခင်းဆိုင်ရာ (ရထားကြိတ်၊ ဆွဲကြိုးချ၊ ရေနစ်၊ လမ်းဘေး) အစရှိသည့် သေဆုံးမှုများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့) ထမ်းရွက် သင်္ဂြိုဟ်ပေးလျှက်ရှိသည်။
ထိုသို့ အခမဲ့ ပေးဆပ်ကူညီမှုများရှိသလို နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လည်း စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် ငွေကြေး၊ နာရေး အထောက်အကူပြု ပစ္စည်းများ၊ စာအုပ်စာပေများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လိုအပ်သော ရုံးသုံးပစ္စည်း ပရိဘောဂများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အသုံးဝင်သော ဆေးဝါးကုသရေးဆိုင်ရာ ဆေးပစ္စည်းများ၊ ဆေးဝါးများ စသဖြင့် လာရောက် လှူဒါန်းမှုများလည်း ရှိခဲ့ပါသည်။
ထို့ကြောင့် အများပြည်သူတို့အတွက် အများပြည်သူတို့၏ ကောင်းမှုများကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ ဖေးမမှုများတို့သည် တနှစ်ထက် တနှစ်၊ တလထက် တလ၊ တရက်ထက် တရက်၊ တနာရီထက် တနာရီ အရှိန်အဟုန် မြင့်မားစွာဖြင့် ပေးဆပ်ထမ်းဆောင်လျှက်ရှိပါသည်။
ဂီတပညာရှင်များ သီဆိုပေးထားသော လူမှုရေး၊ ငြိမ်းချမ်းရေး သီချင်းများကို အလှူရှင်များ အတွက် (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာ ယနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) အဆောက်အဦအသစ်ပေါ်တွင် တေးရေး/ဆို ဆောင်းဦးလှိုင် သီဆို တီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိ တေးသီချင်းအား ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။
“ပျံသန်းသွား”
ရေး/ဆို/တီး - ဆောင်းဦးလှိုင်

Comments