Min Din's Thet Khine from MoeMaKa 35US$ inside USA only

မြန်မာပြည်က ငတေကြီးများ အကြောင်း စာအုပ် မိုးမခမှာ မေးဝယ်ပါ = ၃၅ ဒေါ်လာ
မိုးမခရွာဆော်ကြီး
ဇန်န၀ါရီ ၂၅၊ ၂၀၁၁
စာအုပ်နံမယ်က မင်းဒင်ရဲ့ သက်ခိုင်ပါ …
စာအုပ်ရဲ့ အစက မင်းဒင်ဘလောက်က စတယ်။ အခု စာအုပ်ထွက်ပြီ။ အုပ်ရေ ၁၀၀၀၊ စာမျက်နှာ ၇၀၀ ကျော်။ အစ အဆုံး တထိုင်ထဲ လက်ထဲက မချ ဖတ်နိုင်ပြီ။
အစက အမေရိကန်ဒေါ်လာ ၂၀ နဲ့ ရောင်းဖို့ပဲ။ နောက်တော့ ထိုင်းကနေ ပို့ခက ဈေးအတော်ကြီးတယ်။ အတော်လည်း လေးတယ်။ အဲသည်တော့ တအုပ်ကို ၃၀ လောက် ကျသွားတယ်။ အမေရိကန်ပြည်တွင်းမှာ ပို့ပေးဖို့ကတော့ မိုးမခက စာတိုက်ဖိုးသက်သက်ချည်း ၅ ဒေါ်လာ ပေးပါ။ မေတ္တာနဲ့ ၀န်ဆောင်ခမယူဘဲ ပို့ပေးမှာပါ။ ၅ ဒေါ်လာက စာတိုက်ကိုပေးလိုက်မှာ။ စာအုပ်ကို မှာပါ။ တအုပ်ကို ၃၅ ဒေါ်လာနဲ့ မှာနိုင်ပါပြီ။ အုပ်ရေ အနည်းငယ်သာ ရှိလို့ အမြန်မှာပါ။ အမြန်ပို့မယ်။
မြန်မာပြည်ရဲ့ စာပေစိစစ်ရေးအလွန် စာပေလောကမှာ နိုင်ငံရေးသမိုင်းနောက်ခံ ၀တ္ထုစာအုပ်တအုပ် ဖတ်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ငတေကြီးများအကြောင်းလို့ ပြောလိုက်တာကတော့ မြန်မာစကားဖြစ်တဲ့ ဘယ်သူသေသေ ငတေ မာရင်ပြီးရော ဆိုတဲ့ စကားအတိုင်း အဲသည် မြန်မာပြည်ကြီးကို စစ်နွံထဲ နှစ်ထားတဲ့ ငတေကြီးများ အကြောင်း ဖတ်ရမှာ ဖြစ်ပါတယ်။
မြန်မာပြည် လွန်ခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်လောက်က နံမယ်ကြီး မင်းသား ကျော်ဟိန်းတယောက် လူကြမ်းမင်းသားကြီးအဖြစ် ဇာတ်ကားကြီးတွေ အပြတ်ရိုက်ပြီး ပရိသတ်အသည်းကို ကိုင်လှုပ်ခဲ့တာတွေ မှတ်မိကြပါသလား။ ကျော်သူ့ကို ချီတုပ် အနိုင်ကျင့်ပြီး “ဟေ့ကောင် ၁၀ နှစ် ၁၀ နှစ်” လို့ ပြောခဲ့တဲ့ ဇာတ်ကား မှတ်မိကြသေးသလား။
အင်း … အဲသည်လို ငတေကြီးတွေကို သရုပ်ဖော်ရေးပြထားတာ ဖြစ်လို့ ကိုယ့် ပတ်ဝန်းကျင်၊ နီးစပ်ရာ၊ ရွာနီးချုပ်စပ်နဲ့ ရုပ်မြင်သံကြားသတင်းတွေထဲက လူတွေအကြောင်း သရုပ်ဖော် ဇာတ်လမ်းတွေ ဖတ်ကြရမှာ ဖြစ်ပါတယ်။ တခါတလေ စာဖတ်သူတွေကိုယ်တိုင်လည်း ကြေးမုံပြင်ထဲက သက်ခိုင်စရိုက်ကို ပြန်မြင်ကြရမယ် ထင်ပါတယ်။
ကဲပါဗျာ … ငတေကြီးများအကြောင်း မှတ်တမ်းတင်ထားတာကို သိမ်းဆည်း လက်ဆင့်ကမ်းဖို့ ၀ယ်ယူအားပေးတော်မူကြပါ။ ကျနော်တို့ မိုးမခဈေးဆိုင်မှာ မေးဝယ်ပါ။

Comments