ကျပ် သိန်း ၂၀၀ ဖိုး ရောင်းရတဲ့ NLD ရဲ့ ဈေးရောင်းပွဲ
NLD ရဲ့ လွတ်လပ်ရေးနေ့အကြို ၃ ရက်ကြာ ဈေးရောင်းပွဲတော်ကို မနေ့က အဆုံးသတ်ခဲ့ပါတယ်။ ဗဟန်းမြို့နယ်က NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ ပွဲတော်မှာ မြို့နယ်အသီးသီးက NLD အဖွဲ့ဝင်တွေက အမှတ်တရ ပစ္စည်းဆိုင်တွေ ဖွင့်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲတဲ့ ပို့စကဒ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ ပြက္ခဒိန်၊ ပိုစတာ၊ ကော်ဖီခွက်၊ သော့ချိတ်၊ ဆွဲကြိုးလော့ကက်သီး တို့ကို ၀ယ်ယူသူ များပြားလှတာ တွေ့ရပါတယ်။
ဈေးရောင်းပွဲက ရတဲ့ အမြတ်ငွေတွေ၊ အလှူငွေတွေကို လူမှုရေး လုပ်ငန်းတွေမှာ ထောက်ပံ့ကူညီနိုင်ဖို့ NLD က စီစဉ်သွားမယ်လို့ သိရပါတယ်။
ရောင်းရငွေပေါင်း သိန်း ၂၀၀ ၀န်းကျင် ရှိတယ်လို့ သိရပါတယ်။ အမြတ်ငွေ၊ အလှူငွေ ဘယ်လောက် ရှိမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဖန်တီးတဲ့ ပို့စ်ကဒ်။
ဒီပို့စကဒ်ရဲ့ ကျောဘက်မှာ အင်္ဂလိပ် ဘာသာနဲ့ ရေးထားတာကတော့ "နွေရာသီ - ဤကားသည် ရာသီဥတုများဟူသော ပန်းချီကားတွဲများတွင် ပါဝင်သည်။ နောက်ဆုံးအကြိမ် အိမ်ချုပ် ကျစဉ် ကွန်ပျူတာသုံးပြီး ဆွဲထားခြင်း ဖြစ်သည်" လို့ ဖြစ်ပါတယ်။
'Summer' - This is one of the 'seasons' series that I draw on my computer during my last term of house arrest.
Aung San Suu Kyi

Comments