Aung Tha Nge's poem - 09

မင်းအမေက မင်းကို အိုင်ဒီ တခု မပေးခဲ့ဖူးဘူးလား...
အောင်သာငယ်
ဖေဖော်ဝါရီ ၈၊ ၂၀၁၁

အိုင်ဒီ မပါဘဲ...
ကြိုက်ရာနာမည်တွေနဲ့သာ...
ကြိုက်တာ ရေးကြကြေးဆိုရင်တော့...

နာမည် အမျိုးမျိုး အဆင်သင့် ဆောင်ပြီး...
အောင်သာငယ် တယောက်...
ရေးချင်တာတွေ လျှောက်ရေးပစ်မှာပေါ့...

ဧရာဝတီမှာ...
မိုးမခမှာ...
မစ်ဇိမမှာ...
အင်တာနက်ပေါ်မှာ...
မျက်နှာစာအုပ်မှာ...
အို... ကွာ....
အိမ်သာ နံရံအဆုံး...
မုန်းတဲ့သူတွေကို ငါ လျှောက် ဆဲ ပစ်မှာပေါ့...

အက်ဆစ်-ဆိုပြီး...
ဖက်ဆစ်-ဆိုပြီး...
ခက်ဆစ်-ဆိုပြီး
စသည်ဖြင့်...။

Comments